လှော်ကားတာဆုံမှ လသာမြို့နယ်အထိ YBS 140 ယာဉ်လိုင်းကို ယခုအောက်တိုဘာလမှ စပြီး ပြေးဆွဲပေး

အောက်တိုဘာ ၄

      ယခုအောက်တိုဘာလမှ စတင်ကာ YBS ယာဉ်လိုင်းများအနက် YBS 140 ယာဉ်လိုင်းသစ်ကို လှော်ကား တာဆုံမှတ်တိုင်မှ လသာမြို့နယ် လသာမှတ်တိုင်အထိ ပြေးဆွဲပေးနေကြောင်း သိရပါသည်။

      YBS 140 ယာဉ်လိုင်းကို GYCT Public Co.ltd မှ ပြေးဆွဲပေးခြင်းဖြစ်ပြီး ခရီးစဉ်များအနေနှင့် လှော်ကားတာဆုံ ၊ ကွန်ပျူတာတက္ကသိုလ်၊ ရွှေပြည်သာကွေ့၊ တညင်းကုန်း၊ ပြည်တော်သာ၊ အင်းစိန်ပန်းခြံ၊ သမိုင်းလမ်းဆုံ၊ လှည်းတန်း၊ မြေနီကုန်း၊ စိန်ဂျွန်း၊ သခင်မြပန်းခြံ၊ မော်တင်၊ လသာ စတဲ့ မှတ်တိုင်ရှိ လမ်းကြောင်းတွေကို ပြေးဆွဲပေးနေသည်ဟု ဆိုပါသည်။

       လတ်တလောတွင် YBS ယာဉ်လိုင်းများ အနေဖြင့် သက်ဆိုင်ရာယာဉ်လိုင်းအလိုက် နံပါတ်တစ်မျိုးတည်းဖြစ်စေရန် မူလက ယာဉ်လိုင်းကုမ္ပဏီမတူဘဲ နံပါတ်တူသည့် YBS များကို ယခု အောက်တိုဘာလ ၁ ရက်မှ စတင်ကာ နံပါတ်ပြောင်းလဲပြေးဆွဲပေးနေကြောင်း သိရပါသည်။

       YBS-140 နည်းတူ လှော်ကားတာဆုံမှ လသာမြို့နယ်အထိပြေးဆွဲပေးနေသည့် လမ်း ကြောင်းတူ ယာဉ်လိုင်း အနေနှင့်လည်း YBS-39 က နေ့စဉ်ပြေးဆွဲပေးနေကြောင်း သိရပါသည်။

#PAN