ယခုနှစ် ပထမကိုးလအတွင်း ဗီယက်နမ်နိုင်ငံ၏ပြည်ပရင်းနှီးမြှုပ်နှံမှု ၄ ဒသမ ၆ ရာခိုင်နှုန်း တိုး တက်

အောက်တိုဘာ ၃

      ယခုနှစ် ပထမကိုးလအတွင်း ဗီယက်နမ်နိုင်ငံသည် ပြည်ပရှိလုပ်ငန်းကဏ္ဍ ၁၄ ခုသို့ အမေရိကန်ဒေါ်လာ ၄၁၆ ဒသမ ၈ သန်း ရင်းနှီးမြှုပ်နှံခဲ့ပြီး ၄ ဒသမ ၆ ရာခိုင်နှုန်း တိုးလာကြောင်း ဗီယက်နမ် သတင်း အေ ဂျင်စီက အောက်တိုဘာ ၂ ရက်တွင် ပြောကြားသည်။

မှတ်တမ်းတင်ခဲ့

      လက်လီလက်ကား ကဏ္ဍတွင် ဗီယက်နမ်နိုင်ငံမှ အကြီးမားဆုံး ပြည်ပရင်းနှီးမြှုပ်နှံမှု တန်ဖိုးဒေါ်လာ ၁၅၀ ဒသမ ၆၄သန်းနီးပါးဖြင့် မှတ်တမ်းတင်ခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အေဂျင်စီကို ကိုးကား၍ ဖော်ပြခဲ့သည်။

      ဗီယက်နမ်နိုင်ငံသည် စီမံကိန်းအသစ် ၈၄ ခုအတွက် ဒေါ်လာ ၂၄၄ ဒသမ ၈ သန်းကျော် လျာ ထားပြီး လက်ရှိစီမံကိန်း ၁၈ ခုတွင် ဒေါ်လာ ၁၇၁ ဒသမ ၉၆ သန်းကျော်ထည့်ဝင်ခဲ့သည်။ ဤကာလအတွင်း နိုင်ငံနှင့် နယ်မြေ ၂၄ ခုတွင် ဗီယက်နမ်နိုင်ငံ၏ ရင်းနှီးမြှုပ် နှံမှုများ စံချိန်တင်ရှိခဲ့သည်။

       စီမံကိန်းပေါင်း ၁၆၆၇ ခုရှိ ၎င်းရင်းနှီးမြှုပ်နှံမှုများတွင် ကနေဒါ၌ ဗီယက်နမ်နိုင်ငံ၏ ရင်းနှီးမြှုပ် နှံမှုသည် ဒေါ်လာ ၁၅၀ ဒသမ ၂ သန်းကျော်ဖြင့် ဦးဆောင်နေပြီး ၎င်း၏နောက်တွင် စင်ကာပူ၊ လာအိုနှင့် ကျူးဘားတို့တွင် ဗီယက်နမ်နိုင်ငံ၏ရင်းနှီး မြှုပ်နှံမှုများရှိသည်။

        ဗီယက်နမ်နိုင်ငံတွင် စက်တင်ဘာ ၂၀ ရက် အထိ တရားဝင်ပြည်ပရင်းနှီးမြှုပ်နှံမှု စီမံကိန်းပေါင်း ၁၆၆၇ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၁ ဘီလီယံနီးပါးရှိသည်။