“ယူကေ နိုင်ငံအတွင်း လူနေမှု အသုံးစရိတ် မြင့်မားမှုများ နှင့် ကုန်စျေးနှုန်း ကြီးမြင့်မှု များကြောင့် အရွယ်မတိုင်မီ လူထောင်ပေါင်း များစွာ သေဆုံးမှုများ ဖြစ်ပေါ်စေနိုင်”

စက်တင်ဘာ ၂၆

ယူကေနိုင်ငံတွင် ယခုနှစ်အတွင်း လူနေမှုအသုံး စရိတ်မြင့်မား ခြင်း နှင့် ကုန် စျေးနှုန်း ကြီးမြင့် မှုကြောင့် ယခုနှစ်အတွင်း ယူကေနိုင်ငံ ရှိ လူထောင် ပေါင်းများစွာ အရွယ်မတိုင်မီ သေဆုံးမှုများကို ဖြစ်စေပေါ်စေနိုင်ကြောင်း လေ့လာမှုများအရ သိရပါတယ်။

လေ့လာမှုများ အရ ယူကေနိုင်ငံအတွင်း အသက် ၇၅ နှစ် မပြည့် မီသေဆုံးသူများသည် လူနေမှု စရိတ်စကကြောင့် ယခုနှစ်တွင် ၆.၅ ရာခိုင်နှုန်းထိ မြင့်တက်လာမည်ဖြစ်ပြီး လူ ဦးရေ၁၀၀,၀၀၀ တွင် လူ ၃၀ ထိ အရွယ်မတိုင်မှီ အပိုသေဆုံးမှုရှိခဲ့ကြောင်း လေ့လာမှုများမှ ဖော်ပြပြောဆိုထားကြပါတယ်။

အထက်ပါ တွေ့ရှိချက်များကို BMJ Public Health ဂျာနယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၅ရက်နေ့က ထုတ်ဝေခဲ့တာဖြစ်ပြီး စကော့တလန်ပြည်သူ့ကျန်းမာရေးနှင့် Glasgow တက္ကသိုလ်တို့မှ သုတေသီများက “ကျွန်ုပ်တို့ အနေဖြင့် ယူကေအစိုးရ၏ သက်ရောက်မှုများကို စံနမူနာပြုပြီး ယူကေ နိုင်ငံ တစ်ခွင်တွင် အလားတူအကျိုးသက်ရောက်မှုများ ဖြစ်နိုင်တယ်” လို့ ပြောကြားခဲ့ကြပါတယ်။

ထို့နောက် ယူကေ နိုင်ငံအတွင်း အချိန်မတန်မီ လူသေဆုံးမှု လူ ၁၀၀,၀၀၀ တွင် ၄၆၃ မှ ၁၀၀,၀၀၀ လျှင် ၄၉၃ ဦး ထိ တိုးပွားလာပြီး ယူကေတွင် တစ်နှစ်လျှင် အပိုသေဆုံးမှု ထောင်ပေါင်းများစွာဖြစ်ပေါ်နေကြောင်း သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *