မုံရွာမြို့နယ် ထန်းလေးပင်ကျေးရွာရှိ စာသင် ကျောင်းအတွင်းမှ အကြမ်း ဖက် PDF များ၏ လက်နက်၊ခဲယမ်းနှင့် ​ဆက်စပ်ပစ္စည်းများ သိမ်း ဆည်းရရှိ

စက်တင်ဘာ ၂၅

       ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် စစ် ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ထန်းလေးပင်ကျေးရွာရှိ စာသင်ကျောင်းအတွင်း အကြမ်းဖက် သမား PDF များက လက်နက်၊ ခဲယမ်းနှင့် ဆက် စပ်ပစ္စည်းများ သိုဝှက်ထားကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့လာမှုကြောင့် နယ် မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက  သွားရောက်ရှင်း လင်းခဲ့ကြောင်း သိရသည်။

       ထိုသို့ ရှင်းလင်းရာ အဆိုပါ စာသင်ကျောင်းအတွင်းမှလက်လုပ်စိန်ပြောင်း ၃ လက်၊ လက်လုပ်သေနတ် (အရှည်) ၁ လက်၊ လက်လုပ်သေနတ်(အတို) ၁ လက်၊ လက်လုပ်ကျည်အိမ် ၁ ခု၊ ၉ မမကျည် ၃ တောင့်၊ လက်လုပ်မိုင်း ၂ လုံး၊ ပြောက် ကျားအင်္ကျီ ၅ ထည်၊ ပြောက်ကျားဘောင်းဘီ ၁ ထည်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စာတန်းပါတံဆိပ် ၁၃ ခုတို့ကို သိမ်းဆည်းရရှိခဲ့ပါသည်။

        ယခုရက်ပိုင်းအတွင်း နယ် မြေလုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတင်းအရသွားရောက်ရှင်း လင်းရာမှ အကြမ်းဖက် PDF များ၏ လက်နက်၊ခဲယမ်းနှင့် ဆက် စပ်ပစ္စည်းများကိုဆက်တိုက်ဆိုသလို သိမ်းဆည်းရမိနေကြောင်း သိရပါသည်။

#PAN