အထည်ချုပ်ဇုန်ကနေ လုပ်သား ၆၀,၀၀၀ ခန့်အားအလုပ်အကိုင် ဖန်တီးပေးနိုင်မည့် ကိုရီးယားအထည်ချုပ်ကုမ္ပဏီတစ်ခု မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့မည်

စက်တင်ဘာ ၂၃

တောင်ကိုရီးယားအခြေစိုက် အထည်ချုပ်ကုမ္ပဏီ ဖြစ်သည့် PANKO Corporation က မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်ငန်းအပြင် ချည်ထုတ်လုပ်ရေး လုပ်ငန်းအထိ တိုးချဲ့လုပ်ကိုင်သွားမည်ဟု သိရသည်။

ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI) နှင့် ကိုရီးယား PANKO Corporation တို့ စက်တင်ဘာ ၂၂ ရက်နေ့က တွေ့ဆုံခဲ့ကြပြီး အထည်ချုပ်စက်ရုံ တိုးချဲ့ခြင်းအပါအဝင် အခြားသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လက်ရှိမှာ နိုင်ငံတော်ဘက်က ကုန်ထုတ်လုပ်ငန်းတွေကို အားပေးနေတဲ့ ကာလဖြစ်တာကြောင့် ပြည်တွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ လုပ်ရကိုင်ရ လွယ်ကူစေမည့် အခြေအနေတွေကို ညှိနှိုင်းဆောင်ရွက်ပေးသွားပါ့မည်ဖြစ်ကြောင်း UMFCCI ဥက္ကဋ္ဌမှ ပြောကြားခဲ့သည်။

မြန်မာ့အထည်ချုပ်ကဏ္ဍမှာ ၂၀၁၂ ခုနှစ်ကတည်းမှစပြီး လာရောက်ရင်းနှီးမြှုပ်နှံထားသည့် PANKO Corporation သည် ပဲခူးမြို့မှာ အမေရိကန်ဒေါ်လာ ၅ သန်းကျော် ရင်းနှီးမြှုပ်နှံကာ PANKO BAGO အထည်ချုပ်စက်ရုံ ဖွင့်လှစ်ထားကြောင်း သိရသည်။

မြန်မာ-တောင်ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းမှုနှင့် အထည်ချုပ်ဇုန်ကနေ လုပ်သား ၆၀,၀၀၀ ခန့်အတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မှာဖြစ်ပြီး ကန်ဒေါ်လာ သန်း ၃၀ ကနေ သန်း ၅၀ အထိ ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ထားတယ်လို့လည်း သိရသည်။

ဓာတ်ပုံံ – အင်တာနက်

PAN