လာမည့်နွေရာသီမှာ အီဗန်ဖာဂူဆန် ကို ခေါ်ယူရန် ပစ်မှတ်ထားတဲ့ မန်ယူအသင်း

စက်တင်ဘာ ၁၆

      မန်ယူအသင်းဟာ ဘရိုက်တန်လူငယ်တိုက်စစ်မှူး အီဗန်ဖာဂူဆန် ကို ခေါ်ယူရန် ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

       ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ စက်တင်ဘာလ ၁ ရက်က ပိတ်သိမ်းခဲ့ပေမယ့် မန်ယူအသင်းဟာ ၂၀၂၄ ခုနှစ်နွေရာသီအတွက် ကြိုတင်ပြင်ဆင်နေပြီဖြစ်တယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ ၂၀၂၄ နွေရာသီမှာ ဗဟိုနောက်ခံကစားသမား၊ တောင်ပံနောက်ခံကစားသမား၊ ဗဟိုကွင်းလယ် ကစားသမားနှင့် တိုက်စစ်မှူး ခေါ်ယူရန် စီစဉ်နေတယ်လို့ သိရပါတယ်။

      မန်ယူအသင်းအနေနဲ့ တိုက်စစ်နေရာအတွက် ၁၈ နှစ်အရွယ် ဖာဂူဆန် ကို ပစ်မှတ်ထားနေပြီး မန်စီးတီးအသင်းကလည်း ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။

#PAN