စက်တင်ဘာ ၁၆
မြန်မာ့ကြက်သွန်နီကို ပြီးခဲ့သည့် ဩဂုတ်လကုန်လောက်မှစပြီး တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများက ဝယ်ယူမှုများလာခြင်းကြောင့် အရောင်းအဝယ်သွက်ပြီး ကြက်သွန်စိုက်တောင်သူများ ဈေးကောင်းရနေကြောင်း သိရပါသည်။
ယခုလို ဈေးကောင်းရရှိလာခြင်းကြောင့် ကြက် သွန်စိုက်တောင်သူမျအနေဖြင့် အချိန်စောစောစိုက်ပျိုးလာကြသလို စိုက်ပျိုးသူများ ပိုမိုများပြားလာကြကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်မှ သိရပါသည်။
ပြီးခဲ့သော ဩဂုတ်လအတွင်းက အိန္ဒိယနိုင်ငံမှ ကြက်သွန်နီပြည်ပတင်ပို့ကုန် အခွန်တိုးမြှင့်လိုက်ခြင်းကြောင့် ပြည်ပ နိုင်ငံတချို့က မြန်မာကြက်သွန်နီကို တိုးမြှင့်မှာယူမှုများ ရှိလာကြသည့်အတွက် ကြက်သွန်စိုက်တောင်သူများ ဈေး ကောင်း ရရှိလာတာ ဖြစ်ပါသည်။
စက်တင်ဘာလ ၁၄ ရက် ဘုရင့်နောင်ကုန် စည်ဒိုင်၏ ကြက်သွန်နီလက္ကားဈေးနှုန်းများမှာ တစ်ပိဿာကို ငွေကျပ် ၂,၅၀၀ မှ ၂,၉၅၀ ကျပ်အထိရှိနေပြီး မုံရွာမြို့နှင့် ဆိပ်ဖြူမြို့များမှ ဝင် ရောက်မှု များပြားနေခြင်းဖြစ်ကြောင်း သိရပါသည်။
#PAN