ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ စာဥမှတ်တိုင် အနီးတွင် ယာဉ်တစ်စီး အရှိန်လွန်၍ လမ်းဘေးရှိသစ်ပင်အား ဝင်တိုက် အမျိုးသားတစ်ဦး ဒဏ်ရာရ


စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းသေကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ အမှတ်(၆၀) ရပ်ကွက်၊ ဧရာဝဏ်လမ်း၊ စာဥမှတ်တိုင် အနီးတွင် ယမန့်နေ့ ညခင်းအချိန်တွင် ယာဉ်တစ်စီးမှ အရှိန်လွန်၍ လမ်းဘေးရှိသစ်ပင်အား ဝင်တိုက်ရာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဧရာဝဏ်လမ်းတွင် ယာဥ်တစ်စီးသည် အရှိန်လွန်ကာ လမ်းဘေးရှိ သစ်ပင်ကို ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း၊ ထိုမော်တော်ယာဉ် မ​တော်တဆမှု့​​​ကြောင့် ယာဥ်ခေါင်းခန်းထဲတွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦး ညပ်မိနေကြောင်း သိရသည်။

ထို့နောက် မော်တော်ယာဉ်၏ ခေါင်းခန်းထဲတွင် ညပ်နေသည့် အမျိုးသားတစ်ဦးကို မီးသတ်တပ်ဖွဲ့များနှင့် ဒေသခံလူမှု ကူညီရေးအသင်းတို့မှ ကယ်ထုတ်ခဲ့ရ​​ပြီး ဒဏ်ရာရရှိသည့် အမျိုးသားကို သင်္ဃန်း ကျွန်းစံပြဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

#PAN