“ကုန်သွယ်ရေးများအတွက် ပါကစ္စတန်နိုင်ငံ၏ ပင်လယ်ဆိပ်ကမ်းများအပေါ် မှီခိုနေရသော အာဖဂန်နစ္စတန်နိုင်ငံသည် နှစ်နိုင်ငံ နယ်စပ် ဒေသတွင် ပဋိပက္ခများဖြစ်ပွားခဲ့ ပြီးနောက် ၎င်းတို့နိုင်ငံ၏ ကုန်သွယ်ရေး ကန်ဒေါ်လာ ၁.၅သန်းကျော်ထိ ဆုံးရှုံးမှုများဖြစ်ပေါ်နေ”

စက်တင်ဘာ ၁၁

ပါကစ္စတန်နိုင်ငံ နှင့် အာဖဂန်နစ္စတန်နိုင်ငံ တို့အကြားရှိ နယ်စပ်ဒေသTorkham တွင် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်မှုများကို ၅ ရက်ကြာ ထိ ပိတ်ထားခဲ့ပြီးနောက် ပါကစ္စတန်နိုင်ငံ နှင့် တာလီဘန် နယ်စပ်အာဏာပိုင်များက အဆိုပါ တင်းမာမှုများဖြေရှင်းနိုင်ရန် ကြိုးပမ်းမှု အသစ်တကြိမ်ကို ပြီးခဲ့သည့် စက်တင်ဘာ ၁၀ရက် တနင်္ဂနွေနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြသော်လည်း နှစ်နိုင်ငံတင်းမာမှုများအတွက် အပြုသဘောဆောင်သည့်ရလဒ်များမရှိဘဲ တွေ့ဆုံဆွေးနွေးပွဲများ ပြီးဆုံးသွားခဲ့ရပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ Nangarhar ဒေသ၏ ကြားဖြတ်အစိုးရ သတင်းအချက်အလက်ဌာန မှထုတ်ပြန်ချက်တစ်ခုတွင်နှစ်နိုင်ငံနယ်စပ်တာဝန်ရှိသူများက Torkham ဒေသတွင် နှစ်နိုင်ငံ နယ်စပ် ဖြတ်ကူးခြင်းကို ပြန်လည် ဖွင့်နိုင်ရန် သဘောတူခဲ့ကြသော်လည်းပါကစ္စတန်ဘက်မှ ဆွေးနွေးရန်အချိန်ကိုပိုတောင်းဆိုခဲ့ကြောင်း သတင်းဌာနများကဖော်ပြပြောဆိုထားပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ၏ ကုန်သည်များသည် နယ်စပ် နှစ်နိုင်ငံ ပဋိပက္ခများကြောင့် ကုန်သွယ်ရေး ကုန်ပစ္စည်း ကန်ဒေါ်လာ ၁.၅ သန်းကျော် ဆုံးရှုံးခဲ့ရတယ်လို့လည်း ပြောဆိုနေကြပါတယ်။

ထို့နောက် အာဖဂန်နစ္စတန်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏ ကုန်သွယ်မှုများအတွက် ပါကစ္စတန်နိုင်ငံ၏ ပင်လယ်ဆိပ်ကမ်း များပေါ်တွင် မှီခိုနေရကြောင်းလည်း သတင်းဌာနများ ကဖော်ပြပြော ဆိုထားကြပါတယ်။