မက်ဆီကို ကျော်ဖြတ်ပြီး ဘလွန်းဒီအောဆု ယူနိုင်မယ်လို့ ယုံကြည်နေတဲ့ ဟာလန်း

စက်တင်ဘာ ၁၁
(2022-23) UEFA Best Player of the Year Award ဆုရရှိထားတဲ့ မန်စီးတီး တိုက်စစ်ကစားသမား အာလင် ဟာလန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်စီးတီးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၅၃ ပွဲ ကစားပေးခဲ့ရာ သွင်းဂိုး ၅၂ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုနဲ့ ချန်ပီယံလိဂ် ရွှေဖိနပ်ဆုတို့ကိုလည်း ရရှိထားပါတယ်။
ဟာလန်းဟာ မနှစ်ကရာသီမှာ နိုင်ငံအသင်းနဲ့ အောင်မြင်မှုမရှိခဲ့ပေမဲ့ မန်စီးတီးအသင်းနဲ့ အတူ ချန်ပီယံလိဂ်ဆုဖလားအပါအဝင် ဆုဖလားသုံးလုံး ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဘလွန်းဒီအောဆုကို မက်ဆီကို ကျော်ဖြတ်ပြီး ရယူနိုင်ဖို့ မျှော်လင့်ထားကြောင်း ဟာလန်းကဆိုပါတယ်။

ဒါ့ကြောင့် မက်ဆီနဲ့ ဟာလန်းတို့ဟာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းကချီးမြှင့်တဲ့ ဘလွန်းဒီအော တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုရဖို့ အပြိုင်ဖြစ်နေကြပါတယ်။

ဆုပေးပွဲအခမ်းအနားကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ Théâtre du Châtelet ၌ လာမယ့် အောက်တိုဘာလ(၃၀)ရက်နေ့တွင် ပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။