
(နိုင်ငံတကာ)မေ ၁၁
ဖိလစ်ပိုင်ဒုသမ္မတ ဆာရာ ဒူတာတေး (Sara Duterte)ကို ရာထူးမှ ဖယ်ရှားရန် စွပ်စွဲပြစ်တင်မှု (Impeachment) ပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် သူမ၏ ထောက်ခံသူများက အထက်လွှတ်တော်ကို ထိန်းချုပ်လိုက်နိုင်သဖြင့် အဆိုပါ စွပ်စွဲပြစ်တင်မှု အောင်မြင်ရန် ရေရာမှုမရှိတော့သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
ဒုသမ္မတ၏ ဖခင်ဖြစ်သူ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး လက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ အလန် ကာယေတာနို (Alan Cayetano)ကို အထက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေး ချယ်တင်မြှောက်လိုက်ခြင်းဖြစ်သည်။ ယင်းမှာ ဒုသမ္မတ ဆာရာ ဒူတာတေးကို ဒုတိယအကြိမ် စွပ်စွဲပြစ်တင်ရန် အောက်လွှတ်တော်က ပြင်ဆင်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
တနင်္လာနေ့တွင် ပြုလုပ်မည့် အဆိုပါ စွပ်စွဲပြစ်တင်ရန် မဲခွဲမှုသည် လက်ရှိသမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr)နှင့် ဒူတာတေး မိသားစုတို့အကြား ဖြစ်ပွားနေသည့် နိုင်ငံရေး အားပြိုင်မှု၏ နောက်ဆုံးအပိုင်းဖြစ်ပြီး၊ ကမ္ဘာ့စွမ်းအင် အကျပ် အတည်းကြောင့် စီးပွားရေး မတည်ငြိမ်မှုများ ကြုံတွေ့နေရသည့် ဖိလစ်ပိုင် နိုင်ငံအား နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးသွားစေသည်။
ဒုသမ္မတအပေါ် စွဲချက်တင်ထားသည့် အချက်များတွင်ဖွဲ့စည်းပုံအခြေခံဥပဒေကို နှစ်ကြိမ်တိုင်တိုင် ချိုးဖောက်ခြင်း၊ အစိုးရ၏ လျှို့ဝှက်ရန်ပုံငွေများကို အလွဲ သုံးစားလုပ်ခြင်း၊ ပိုင်ဆိုင်မှု ချမ်းသာကြွယ်ဝမှုကို ထုတ်ဖော်ရန် ပျက်ကွက်ခြင်းနှင့် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခြင်း၊သမ္မတ မားကို့စ်၊ သမ္မတကတော် လိုင်ဇာနှင့် အောက်လွှတ် တော် ဥက္ကဋ္ဌဟောင်း မာတင် ရိုမူရယ်လ်ဒက်ဇ် တို့ကို အသက်အန္တရာယ် ခြိမ်း ခြောက်မှုများနှင့် ပတ်သက်ခြင်း တို့ ပါဝင်သည်။
အဆိုးရွားဆုံး စွပ်စွဲချက်မှာ ဒုသမ္မတ ဇနီးမောင်နှံ ၏ ဘဏ်စာရင်းများအတွင်း အမေရိကန်ဒေါ်လာ ၁၁၀ သန်းကျော် (ဒေါ်လာ ၁၁၀ မီလီယံ) ပမာဏရှိသည့် ပုံမှန်မဟုတ်သော ငွေပေးငွေယူများ ရှိနေခြင်းဖြစ်သည်။ အောက်လွှတ် တော်အနေဖြင့် ဒုသမ္မတ ဆာရာ ဒူတာတေးကို အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ ရာထူးမှ ဖယ် ရှားရန်နှင့် အစိုးရရာထူးများ ထာဝရရယူခွင့် ပိတ်ပင်ရန် ရည်ရွယ်ထားသည်။ စွပ်စွဲပြစ်တင်မှုကို အတည်ပြုရန် အောက်လွှတ်တော် မဲအရေ အတွက် သုံးပုံတစ်ပုံ လိုအပ်ပြီး၊ မေလ ၇ ရက်နေ့တွင် ထိုအရေအတွက်ကို ရရှိပြီးဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်က ပထမအကြိမ် စွပ်စွဲပြစ်တင်မှုတွင် အောက်လွှတ်တော်အဖွဲ့ဝင် ၃၁၃ ဦးအနက် ၂၁၅ ဦးက ထောက်ခံမဲ ပေးခဲ့သော်လည်း နည်းပညာပိုင်းဆိုင်ရာ အငြင်းပွားမှုများကြောင့် တရားလွှတ်တော်ချုပ်က ယင်းကို ပယ်ဖျက်ခဲ့ဖူးသည်။ အကယ်၍ အောက်လွှတ် တော်က ဒုတိယအကြိမ် ထပ်မံအတည်ပြုနိုင်ခဲ့လျှင်ပင်၊ သူမကို ရာထူးမှ ဖယ်ရှားရန် အထက်လွှတ်တော်တွင် မဲအရေ အတွက် သုံးပုံနှစ်ပုံ ရရှိရန် လိုအပ်သည်။ ယခုအခါ ဒူတာတေး ထောက်ခံသူ ကာယေတာနိုက အထက်လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာသဖြင့် ထိုသို့ ရာထူးမှ ဖယ်ရှားနိုင်ရေးမှာ အလွန်ခက်ခဲသွားပြီ ဖြစ်သည်။
ဒုသမ္မတ ဆာရာ ဒူတာတေးကမူ သူမကို စွပ်စွဲပြစ်တင်မည့်ကိစ္စနှင့် ပတ်သက်၍ “ဘုရားသခင်က အရာရာကို ရေး မှတ်ပြီးသားဖြစ်သလို၊ အကယ်၍ စွပ်စွဲပြစ်တင်ခံရရင်လည်း ဒါဟာ ဘုရားအလိုတော်ပဲ ဖြစ်လိမ့်မယ်၊ စွပ်စွဲမခံရရင်တော့ မနက်ဖြန်မှာ ပြန်တွေ့ကြတာပေါ့” ဟု သူမ၏ ထောက်ခံသူများကို ပြောကြားခဲ့သည်။
#PhilippinesPolitics #SaraDuterte #Impeachment #MarcosJr #AlanCayetano #BreakingNews #PositiveAngleNews #DuterteFamily #ManilaNews
Telegram»…
https://t.me/positiveanglenews
#PAN