မြိတ်မြို့တွင် PDF  ၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

(ပြည်တွင်း) မေ ၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌ PDF အဖွဲဝင် ၆ဦးလက်နက်နှင့်အတူ အလင်းဝင်လာကြောင်းဘသိရသည်။

ယနေ့ နံနက်ပိုင်းက ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌ PDF အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ဦး၊ ပေါင်း ၆ ဦးသည် သေနတ် ၂လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ခဲယမ်းဆက်စပ်ပစ္စည်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အလင်းဝင်လာသူPDF၆ဦးအား တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးအပ်ကာ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။