မပေါက်ကွဲသေးသည့် ဗုံးသီးထုခွဲရာမှ ပေါက်ကွဲမှုဖြစ် ပွားပြီး တစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦး ထိမှန်ဒဏ်ရာရရှိ

(ပြည်တွင်း) မေ ၆

မန္တလေးတိုင်းဒေသကြီး ၊ပုသိမ်ကြီးမြို့နယ်၊ကောင်းမွန်ကျေးရွာအုပ်စု၊မရိုးကုန်းကျေးရွာတွင် မပေါက်ကွဲသေးသည့် ဗုံးသီးအား ထုခွဲရာမှ ပေါက်ကွဲမှုဖြစ် ပွားပြီး တစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦး ထိမှန်ဒဏ်ရာရရှိမှုဖြစ် ပွားခဲ့ကြောင်း သိရသည်။ယမန်နေ့မေလ၅ရက်မွန်းလွဲ၂နာရီခွဲအချိန်ကမရိုးကုန်းကျေးရွာအနောက်ဖျားရှိ

မန္တလေးတိုင်းဒေသကြီး ၊ပုသိမ်ကြီးမြို့နယ်၊ကောင်းမွန်ကျေးရွာအုပ်စု၊မရိုးကုန်းကျေးရွာတွင် မပေါက်ကွဲသေးသည့် ဗုံးသီးအား ထုခွဲရာမှ ပေါက်ကွဲမှုဖြစ် ပွားပြီး တစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦး ထိမှန်ဒဏ်ရာရရှိမှုဖြစ် ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့မေလ၅ရက်မွန်းလွဲ၂နာရီခွဲအချိန်ကမရိုးကုန်းကျေးရွာအနောက်ဖျားရှိဦးသန်းမြင့်၏နေအိမ်၌ သားမက်ဖြစ်သူ ဦးဇော်လင်းအောင်၊၄၃နှစ်၊(ဘ)ဦးဝင်းမောင်သည် မတ္တရာမြို့နယ်၊ဝသုန္ဒရကျေးရွာအနီး သပြေခြံအတွင်းရှိ မပေါက်ကွဲသေးသော ဗုံးသီးဟောင်း ၁ လုံးအား သံတို/သံစဈေးဖြင့် ရောင်းချရန်နေအိမ်သို့ ယူ ဆောင်လာခဲ့ပြီး ထုခွဲရာမှဗုံးသီးပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါဗုံးသီးပေါက်ကွဲမှုကြောင့် ဦးဇော်လင်းအောင်မှာ နေရာတွင် အပိုင်းပိုင်းပြတ်၍ သေဆုံးခဲ့ပြီး ဗုံးသီးဟောင်းပေါက်ကွဲမှုကြောင့် အနီးတွင်ရှိသော မောင်ဇွဲမောင်မောင်၊၄နှစ်၊(ဘ)ဦးကိုထွေးတွင် ဦးခေါင်းရှပ်ထိဒဏ်ရာ ၁ချက်(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း သိရသည်။

#PAN