တောင်သာမြို့နယ်တွင် အကြမ်းဖက် PDF များအား တပ်မတော်စစ်ကြောင်းမှ တိုက်ခိုက်ခဲ့ရာ ရန်သူ့အလောင်းနှင့် လက်နက်များ သိမ်းဆည်းရမိ

(ပြည်တွင်း) မေ ၆

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်၊သံဘိုရွာမကျေး ရွာတွင် အကြမ်းဖက် PDF များအား တပ်မတော်စစ်ကြောင်းမှ တိုက်ခိုက်ခဲ့ရာ ရန်သူ့အလောင်းနှင့် လက်နက်များ သိမ်းဆည်းရမိကြောင်း သိရသည်။

မေလ ၄ရက်နေ့ နံနက်၉နာရီ အချိန်ခန့်တွင် တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပြည်သူ့စစ်အဖွဲ့များမှ တောင်သာမြို့နယ်၊သံဘိုရွာမကျေး ရွာအား နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဥ် အကြမ်းဖက် PDF သောင်းကျန်းသူများ 4 wheel မော်တော်ယာဥ်ဖြင့် ရွှေစည်ကြီးကျေးရွာဘက်မှ သံဘိုရွာမကျေးရွာဘက်သို့ မောင်းနှင်လာသည်ကို ကင်းထောက် drone မှ တဆင့် မြင်တွေ့ရသဖြင့် ကျေးရွာအတွင်း တပ်အသင့်နေရာယူ၍ စောင့်ဆိုင်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အကြမ်းဖက် PDF အလောင်း ၁၀ လောင်း၊MA-1 (၃) လက်၊MA-3(၁)လက်၊Type -81 (၁)လက်၊BA-63 (၁)လက်၊BA-100 (၁)လက်၊၆၀ မမ(BA-100)ဗုံးသီး (၅)လုံး၊လက်ပစ်ဗုံး (၃)လုံး၊ကျည်ကာဦးထုပ် (၉)လုံး၊ကျည်ကာ အင်္ကျီ (၇)ထည်၊ကျည်ဘောက်မျိုးစုံ (၈)ဘောက်၊4 Wheel Extra cub မော်တော်ယာဥ်တစ်စီး တို့သိမ်းပိုက်ရရှိကြောင်း သိရသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သံဘိုရွာမကျေးရွာနှင့် သံဘိုရွာသစ်ကျေးရွာတို့တွင် နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

#PAN