(ပြည်တွင်း) မေ ၂
ရှမ်းပြည်နယ် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမတွင် မေ ၂ ရက်နေ့ နံနက် ၉ နာရီအချိန်၌ လွှတ်တော်ဆိုင်ရာ အတွေ့အကြုံရှင်းလင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလိုအပ်ချက်များကို မိဘပြည်သူများနှင့်အတူ ပူးပေါင်း ဆောင်ရွက်နိုင်ရေး တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဦးကျော်ငြိမ်းအောင် မှ အဖွင့်အမှာစကား ပြောကြားခြင်း ထို့နပြည်ထောင်စုလွှတ်တော်ဆိုင်ရာ အတွေ့အကြုံများ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပလိုဂျက်တာဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွန်ခမ်း မှ ရှမ်းပြည်နယ်လွှတ်တော်ဆိုင်ရာ လုပ်ငန်းတာဝန်များနှင့် လုပ်ထုံးလုပ်နည်းများကို ထပ်မံရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများမှ ဒေသဖွံ့ဖြိုးရေးနှင့် ဆက်စပ်သော မေးခွန်းများကို မေးမြန်းဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးကျော်စွာမျိုး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင် နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
အခမ်းအနားသို့ ဒေသခံပြည်သူ (၃၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။







#PAN