ပုသိမ်တွင် မူးယစ်ဆေးဝါးအား သုံးစွဲ/ရောင်းချရန် လက်ဝယ်တွေ့ရှိသူတစ်ဦးဖမ်းဆီးရမိ

(မှုခင်း) မေ ၂

ဧရာဝတီတိုင်းဒေသကြီး ပုသိမ် မြို့တွင် မူးယစ်ဆေးဝါးအား သုံးစွဲ/ရောင်းချရန် လက်ဝယ်ထားရှိသူတစ်ဦးကို မေ ၂ ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့၊ အမှတ်(၆)ရပ်ကွက်၊ ကုလားစုလမ်းနေသူတစ်ဦး၏ နေအိမ်သို့ မူးယစ်ဆေးဝါးသတင်းအရ နယ်မြေရဲစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မူးယစ်ဆေးဝါးနေအိမ်ရှာဖွေဖမ်းဆီးခွင့် ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေရာ အိမ်ရှင်ဖြစ်သူ အသက် (၃၁) နှစ်အရွယ်ရှိသူကို တွေ့ရှိခဲ့ကြပကြာင်း သိရသည်။

ယင်းနောက် နေအိမ်အခန်းအတွင်း ဆက်လက်ရှာဖွေရာ ကုတင်ပေါ် ရှိ အနက်ရောင် ထိုးလက်စ မိန်းမကိုင် နိုင်လွန်အိတ်အတွင်းရှိ ရှင်းရှင်းတံဆိပ်ပါ အကြည် ရောင် ကော်ဗူးအတွင်း ပလပ်စတစ်အကြည်ရောင် ကပ်ခွာအိတ်ဖြင့် ထည့်ထားသော WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ် ဆေးပြားဟု ယူဆရသော ဆေးပြား(၁၆)ပြား မူးယစ် ဆေးဝါးသုံးစွဲရာတွင် အသုံးပြုထားသည့် ခဲပြားအပိုင်းအစ (၂)ခု၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုထားသည့် အအေးပိုက်(၃)ခု၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ရေသန့်ဗူး အဖုံး(၂)ခု၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုရန် ပြုပြင်ထားသော အဝါရောင် ဂတ်စ်မီး ခြစ်(၁)လုံး၊ အကြည်ရောင် ပလပ်စတစ် ကပ်ခွာအိတ်အခွံ(၄)လုံးတို့အား ရှာဖွေတွေ့ရှိ‌ရကြောင်း သိရသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများအား သုံးစွဲ/ရောင်းချရန် လက်ဝယ်တွေ့ရှိသူ ကောင်းစံဝင်း(ခ)ကောင်းစံ၊ ၃၁နှစ် ကုလားစုလမ်း၊ အမှတ်(၆)ရပ်ကွက်၊ ပုသိမ်မြို့ နေသူအား (ပ)၅/၂၀၂၆၊ မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၆(ဂ)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

#PAN