အီရန်စစ်ပွဲနှင့် ပတ်သက်၍ ပန်တဂွန်စစ်ဌာနချုပ်အကြီးအကဲ ဟက်ဂ်ဆက်၏ ပထမဆုံး လူသိရှင်ကြား ကြားနာပွဲ – စစ်စရိတ် ဒေါ်လာ ၂၅ ဘီလီယံ ကျော်ရှိနေပြီဟုဆို

(နိုင်ငံတကာ)ဧပြီ ၃၀

     ​အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက် (Pete Hegseth)သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲနှင့် ပတ်သက်၍ အမေရိကန်လွှတ်တော်တွင် ပထမဆုံးအကြိမ် လူသိရှင်ကြား ကြားနာစစ်ဆေးမှုကို ဗုဒ္ဓဟူးနေ့က ရင်ဆိုင်ခဲ့ရပြီး စစ်ပွဲ၏ လိုအပ်ချက်နှင့် ကုန်ကျစရိတ်များအပေါ် ပြင်းပြင်းထန်ထန် ကာကွယ်ပြောဆိုသွားခဲ့သည်။

​     နာရီပေါင်းများစွာ ကြာမြင့်ခဲ့သည့် ယင်းကြားနာပွဲတွင် ပန်တဂွန်၏ ယာယီစာရင်းစစ်ချုပ်က စစ်ပွဲစတင်ခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ လက်ရှိအချိန်ထိ စစ်စရိတ်မှာ ဒေါ်လာ ၂၅ ဘီလီယံ (မြန်မာကျပ်ငွေ ဘီလီယံပေါင်းများစွာ) ရှိနေပြီဖြစ်ကြောင်း ပထမဆုံးအကြိမ် တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။

     ဒီမိုကရက်တစ် အမတ်များက အဆိုပါ မြင့်မားလှသော ကုန်ကျစရိတ်များအပေါ် မေးခွန်းထုတ်ခဲ့သော် လည်း ဝန်ကြီးဟက်ဂ်ဆက်က “အီရန်မှာ နျူကလီး ယားလက်နက် ဘယ်တော့မှ မရှိစေဖို့အတွက် ဘယ် လောက်အထိ ပေးဆပ်ရမယ်လို့ ထင်ပါသလဲ” ဟု အလျှော့မပေးသော လေသံဖြင့် ပြန်လည်ချေပခဲ့သည်။

​     ကြားနာပွဲအတွင်း ဒီမိုကရက်တစ် အမတ်အချို့က ဤစစ်ပွဲကို “ရုန်းထွက်ရခက်သည့် ရွှံ့နွံ” နှင့် “နိုင်ငံရေး၊ စီးပွားရေး ဘေးအန္တရာယ်” ဟု ခေါ်ဆိုခဲ့ကြသည်။ ယင်းအပေါ် ဟက်ဂ်ဆက်က ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး ထိုသို့ပြောဆိုခြင်းသည် ရန်သူများအတွက် ဝါဒဖြန့်ချိရေး လက်နက်ပေးနေခြင်းသာ ဖြစ်ကြောင်းနှင့် စိတ် ဓာတ်ကျဆင်းစေမည့် စကားလုံးများကို ရှောင်ကြဉ်ရန် သတိပေးခဲ့သည်။

​     အမတ်များက အမေရိကန်၏ တိုက်ခိုက်မှုကြောင့်  အီရန်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ကလေးငယ် ၁၂၀ ကျော် သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ လည်းကောင်း၊ ရန်သူများအပေါ် “အသက်မချမ်းသာ ပေး (No quarter)” ဟူသော ဟက်ဂ်ဆက်၏ ယခင်ပြောကြားချက်များသည် စစ်ရာဇဝတ်မှု မြောက်နိုင် ခြေ ရှိ၊ မရှိကိုလည်းကောင်း ဖိအားပေး မေးမြန်းခဲ့ကြသည်။ ဟက်ဂ်ဆက်ကမူ စစ်ဌာနချုပ်အနေဖြင့် အနိုင်ရရန်အတွက်သာ တိုက်ပွဲဝင်ခြင်းဖြစ်ကြောင်းနှင့် ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းသာ ဖြေကြားခဲ့သည်။

​     လာမည့် သောကြာနေ့သည် ထရန့်အစိုးရက စစ်ပွဲစတင်ကြောင်း လွှတ်တော်သို့ အကြောင်းကြားခဲ့သည့် ရက်ပေါင်း ၆၀ ပြည့်မြောက်မည့်နေ့ ဖြစ်သည်။ ၁၉၇၃ ခုနှစ် စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်အက်ဥပဒေအရ ရက် ၆၀ ပြည့်လျှင် လွှတ်တော်၏ ခွင့်ပြုချက် သို့မဟုတ် တပ်ရုပ်သိမ်းမှု စတင်ရမည် ဖြစ်သော်လည်း ရီပတ်ဘလစ်ကန်များ ထိန်းချုပ်ထားသော လွှတ်တော်က မဲခွဲရန် ရှောင်လွှဲနေသည့်အတွက် စစ်ပွဲမှာ ဥပဒေကြောင်းအရ မရေမရာ ဆက်လက်တည်ရှိနေဦးမည့် အလား အလာရှိနေပါသည်။

​#Pentagon #PeteHegseth #IranWar #USCongress #MilitaryBudget #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN