လေးမျက်နှာမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

(ပြည်တွင်း) ဧပြီ ၂၉

လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉ နာရီအချိန်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် ကျေးရွာတာဝန်ခံများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်များက မိတ်ဆက်စကားပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး က လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင် က ဒေသအခြေအနေများကို PowerPoint ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးကျော်ဝင်းနိုင်၊ ဒေါ်စန်းစန်းချိုနှင့် ဦးကြည်ဝင်းတို့ကလည်း သက်ဆိုင်ရာလုပ်ငန်းကိစ္စရပ်များကို အသီးသီးဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာသူ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများက လုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့် လိုအပ်ချက်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသဆိုင်ရာအုပ်ချုပ်‌ရေး တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

#PAN