လဝက ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်အစားထိုးခန့်အပ်

(ပြည်တွင်း) ဧပြီ၂၉

ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ် (၁) မှဝင်ရာက်ယှဉ်ပြိုင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ် ယခု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝနကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၏နေရာကို ကိုယ်စားလှယ်အစားထိုးခန့်အပ်လိုက်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၃၂ အရ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ် (၁) မှ လစ်လပ်သွားသည့် လွှတ်တော်ကိုယ်စားလှယ်နေရာတွင် သက်ဆိုင်ရာနိုင်ငံရေးပါတီ၏ ဦးစားပေးအစီအစဉ်အတိုင်း တင်ပြထားသည့် ကိုယ်စားလှယ်လောင်းများအနက်မှ အစားထိုးခန့်အပ်ကြေညာလိုက်ကြောင်း သိရသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှကြေညာသည်။

လစ်လပ်နေရာသွားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးမြင့်ကြိုင် (ကိုယ်စားလှယ်အမှတ်-၇) နေရာတွင် ဦးပြုံးချိုအား ဦးစားပေးအစီအစဉ်အရ အစားထိုးဖြည့်စွက်ခန့်အပ်လိုက်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်၍ အပိုင်းလိုက်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွက် အမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ် (PR System) မဲဆန္ဒနယ်များ၌ ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ကြေညာခဲ့သည်။

#PAN