(နေပြည်တော်)
ကရင်ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေး (ဘားအံမြို့နယ် ကိုယ်စားလှယ်အမှတ်-၂) ယခု ဒုတိယသမ္မတ(၂) နေရာတွင် ဦးအောင်မြင့်သိန်း (ဘားအံမြို့နယ် ကိုယ်စားလှယ်အမှတ်-၂) ကိုအစားထိုးခန့်အပ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှကြေညာသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) တွင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးထင်ကျော်သူ (မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ်အမှတ်-၂) ယခု နိုင်ငံတော်သမ္မတရုံးဒုတိယဝန်ကြီး ၏ နေရာတွင် ဦးအောင်ပြည့်ဖြိုး (မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ်အမှတ်-၂) ကို အစားထိုးခန့်အပ်ခဲ့ကြောင်းလည်း သိရသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်၍ အပိုင်းလိုက်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ အချိုးကျကိုယ်စားပြုစနစ် (PR System) မဲဆန္ဒနယ်များအတွက် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ကြေညာခဲ့သည်။
ယင်းအပြင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၁၃၂ အရ အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်များမှ လစ်လပ်သွားသည့် လွှတ်တော်ကိုယ်စားလှယ်နေရာများတွင် သက်ဆိုင်ရာနိုင်ငံရေးပါတီ၏ ဦးစားပေးအစီအစဉ်အတိုင်း တင်ပြထားသည့် ကိုယ်စားလှယ်လောင်းများအနက်မှ အဆိုပါပုဂ္ဂိုလ်များအား အစားထိုးခန့်အပ်ကြေညာလိုက်ကြောင်း သိရသည်။
#PAN