ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုအပြီးတွင် တရုတ်နိုင်ငံက အီရန်ကို ထောက်ခံကာ အမေရိကန်ကို ပြင်ပမှ ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် သတိပေး

(နိုင်ငံတကာ) ဧပြီ ၁၄

     ​အမေရိကန်ပြည်ထောင်စုက အီရန်ဆိပ်ကမ်းများကို ရေတပ်ဖြင့် ပိတ်ဆို့ဖြတ်တောက်မည်ဟု ကြေညာလိုက်ပြီးနောက်၊ တရုတ်နိုင်ငံက ၎င်းတို့၏ ကုန်သွယ် ရေးသင်္ဘောများသည် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း ပုံမှန်အတိုင်း ဆက်လက်သွား လာနေမည်ဖြစ်ကြောင်းနှင့် အမေရိကန်အနေဖြင့် ပြင်ပမှ ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ပြင်းထန်စွာ သတိပေးလိုက်သည်။

​     တရုတ်ကာကွယ်ရေးဝန်ကြီး အက်ဒ်မီရယ် ဒုံကျွင်းက တရုတ်နိုင်ငံအနေဖြင့် အီရန်နှင့် ချုပ်ဆိုထားသော ကုန်သွယ်ရေးနှင့် စွမ်းအင်ဆိုင်ရာ သဘောတူညီချက်များကို ဆက်လက် လေးစားလိုက်နာသွားမည်ဖြစ် ကြောင်း အတည်ပြုခဲ့သည်။ “ကျွန်ုပ်တို့ရဲ့ သင်္ဘောတွေဟာ ရေလက်ကြားထဲကို အဝင်အထွက် လုပ်နေပါတယ်။ အခြားသူတွေအနေနဲ့ ကျွန်ုပ်တို့ရဲ့ ကိစ္စရပ်တွေမှာ ဝင်ရောက်စွက်ဖက်ခြင်း မပြုဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။ အထူးသဖြင့် ဟော်မုဇ်ရေလက် ကြားသည် တရုတ်နိုင်ငံအတွက် အမြဲပွင့်လင်းနေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က ဧပြီလ ၁၃ ရက်နေ့မှစတင်ကာ အီရန်ဆိပ်ကမ်းများသို့ အဝင်အထွက်ပြုလုပ်မည့် နိုင်ငံတကာသင်္ဘောများကို ပိတ်ဆို့သွားမည်ဟု သမ္မတ၏ အမိန့်အရ ထုတ်ပြန်ခဲ့သည်။ သို့သော် အီရန်နှင့် မသက်ဆိုင်သော အခြားဆိပ်ကမ်းများသို့ သွားမည့်သင်္ဘောများကိုမူ လွတ်လပ်စွာ ဖြတ်သန်းခွင့်ပေးမည်ဟု ဆိုသည်။

​     တစ်ဖက်တွင်လည်း အမေရိကန်မီဒီယာများက တရုတ်သည် အီရန်သို့ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် ဒုံးကျည်များ ထောက်ပံ့နေသည်ဟု စွပ်စွဲမှုများ ရှိနေသည်။ ယင်းအတွက် သမ္မတထရန့်က တရုတ်အပေါ် ၅၀ ရာခိုင်နှုန်းသော အခွန်တိုးမြှင့်မှုဖြင့် ခြိမ်း ခြောက်ခဲ့သော်လည်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ၎င်းတို့သည် လက်နက်တင်ပို့မှုတွင် တင်းကျပ်သော စည်းမျဉ်းများကို လိုက်နာကြောင်းနှင့် ယခုစွပ်စွဲချက်များသည် “အခြေအမြစ်မရှိသော ပုတ် ခတ်မှုများ” သာဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

​      တရုတ်နိုင်ငံသည် အီရန်ရေနံကို အများဆုံးဝယ်ယူသည့် နိုင်ငံဖြစ်သောကြောင့် ဟော်မုဇ်ရေလက်ကြားတွင် အဟန့်အတားများ ဖြစ်ပေါ်လာပါက ကမ္ဘာ့ရေနံစျေးကွက်နှင့် စွမ်းအင်လုံခြုံရေးအပေါ် ကြီးမားသော သက်ရောက်မှုများ ရှိလာနိုင်မည်ဟု ပညာရှင်များက ခန့်မှန်းထားကြသည်။

​#ChinaVsUS #StraitOfHormuz #MiddleEastCrisis #DonaldTrump #GlobalEnergy #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN