
(နိုင်ငံတကာ) ဧပြီ ၁၃
ဩစတြေးလျစစ်တပ်၏ ၁၂၅ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ဦးကို စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း အစိုးရက ယနေ့တွင် တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။ ဤခန့်အပ်မှုသည် ဩစတြေးလျကာကွယ်ရေးတပ်ဖွဲ့ (ADF) ၏ ထိပ်ပိုင်းခေါင်းဆောင်မှု အပြောင်းအလဲများတွင် အထင်ရှားဆုံးသော သမိုင်းမှတ်တိုင်တစ်ခု ဖြစ် လာခဲ့သည်။
လက်ရှိတွင် ပူးတွဲစွမ်းဆောင်ရည်ဆိုင်ရာ အကြီး အကဲအဖြစ် တာဝန်ယူနေသည့် ဒုတိယဗိုလ်ချုပ်ကြီး ဆူဇန်ကွိုင်လ်(Susan Coyle)သည် လာမည့် ဇူလိုင်လတွင် စစ်ဦးစီးချုပ်(Chief of Army)အဖြစ် စတင်တာဝန်ယူမည်ဖြစ်သည်။ သူမသည် စစ်မှုထမ်းသက် တမ်း ဆယ်စုနှစ် ၄ ခုနီးပါးရှိပြီဖြစ်ပြီး အာဖဂန်နစ္စတန်နှင့် အရှေ့အလယ်ပိုင်း ဒေသများရှိ စစ်ဆင်ရေးများတွင် အတွေ့အကြုံရင့်ကျက်သူတစ်ဦး ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီး ရစ်ချက်မားလ်စ်က ယခုခန့် အပ်မှုကို “အလွန်ပင် ထူးခြားသမိုင်းဝင်တဲ့ အခိုက် အတန့်” ဟု တင်စားခဲ့ပြီး၊ ဆူဇန်ကွိုင်လ်၏ အောင်မြင်မှုသည် လက်ရှိတာဝန်ထမ်းဆောင်နေသော အမျိုး သမီးစစ်သည်များနှင့် နောင်တစ်ချိန်တွင် စစ်မှုထမ်းရန် စဉ်းစားနေသည့် အမျိုးသမီးများအတွက် ကြီးမား သော လှုံ့ဆော်မှုတစ်ခု ဖြစ်လာမည်ဟု ဆိုသည်။
ဩစတြေးလျစစ်တပ်သည် လက်ရှိတွင် ဆိုက်ဘာစစ်ဆင်ရေး၊ ဒရုန်းနှင့် အဝေးပစ်လက်နက်များ တပ်ဆင်ကာ ခေတ်မီတပ်မတော်ဖြစ်စေရန် ပြုပြင်ပြောင်း လဲနေချိန်လည်း ဖြစ်သည်။ တစ်ဖက်တွင်လည်း စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနှင့် ခွဲခြားဆက်ဆံမှုဆိုင်ရာ စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသဖြင့် ၂၀၃၀ ပြည့်နှစ်တွင် အမျိုးသမီးပါဝင်မှု ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ရည်မှန်းချက်ထားရှိထားသည်။
အစိုးရသည် ရေတပ်ဦးစီးချုပ် ဒုတိယရေကာချုပ် မာ့ခ်ဟမ်းမွန်ကို ဩစတြေးလျကာကွယ်ရေးတပ်ဖွဲ့ (ADF) တစ်ခုလုံး၏ အကြီးအကဲအဖြစ် တိုးမြှင့်ခန့် အပ်ခဲ့ပြီး၊ ရေတပ်ဦးစီးချုပ်နေရာတွင် ရေကာချုပ် မက်သယူးဘတ်ကလေက အစားထိုး တာဝန်ယူသွားမည်ဖြစ် ကြောင်း သိရှိရပါသည်။
#Australia #SusanCoyle #FemaleArmyChief #ADF #MilitaryReform #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN