
(နိုင်ငံတကာ) ဧပြီ ၁၃
တူရကီသမ္မတ ရီဆပ်တိုင်ယစ် အာဒိုဂန်သည် တနင်္ဂနွေနေ့က ပါလက်စတိုင်းနှင့် လက်ဘနွန်တို့အပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေသည်ဟု အစ္စရေးကို စွပ်စွဲခဲ့ပြီး၊ ယခင်က ကာရာဘတ်နှင့် လစ်ဗျားတို့တွင် ကြားဝင်ဆောင်ရွက်ခဲ့သကဲ့သို့ အစ္စရေးအပေါ်တွင်လည်း စစ်ရေးအရ အရေးယူဆောင်ရွက်နိုင်ခြေရှိကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။
အစ္စတန်ဘူလ်မြို့တွင် ကျင်းပသည့် နိုင်ငံတကာညီလာခံတစ်ခုတွင် သမ္မတအာဒိုဂန်က အစ္စရေး၏ လုပ်ဆောင်ချက်များကို “သွေးစွန်းနေသော လူမျိုးတုံးသတ်ဖြတ်မှုကွန်ရက်” ဟု တင်စားခဲ့သည်။ ၎င်းက “ကျွန်တော်တို့ လစ်ဗျားနဲ့ ကာရာဘတ်ဒေသတွေကို ဝင်ရောက်ခဲ့သလိုမျိုး၊ အစ္စရေးထဲကိုလည်း ဝင်ရောက်နိုင်ပါတယ်။ ဒါကို တားဆီးနိုင်ဖို့ ကျွန်တော်တို့ သန်မာဖို့ပဲ လိုပါတယ်” ဟု ပြောကြားကာ အစ္စရေးအပေါ် စစ်ရေးအရ အရေးယူနိုင်ခြေကို အတိအလင်း ခြိမ်း ခြောက်ခဲ့သည်။
အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လက်ဘနွန်ပြည်သူ ၁.၂ သန်းကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း အာဒိုဂန်က ထောက်ပြခဲ့သည်။ ထို့ပြင် အစ္စရေးလွှတ်တော်က အတည်ပြုခဲ့သည့် အကြမ်း ဖက်သမားများကို သေဒဏ်ပေးမည့်ဥပဒေမှာ ပါလက်စတိုင်းအကျဉ်းသားများကိုသာ ပစ်မှတ်ထားခြင်းဖြစ် သည်ဟုလည်း ဝေဖန်ခဲ့သည်။
အာဒိုဂန်၏ ပြောကြားချက်အပေါ် အစ္စရေးအမွေ အနှစ်ဆိုင်ရာဝန်ကြီး အာမီချိုင်း အီလီယာဟုက ချက် ချင်းတုံ့ပြန်ခဲ့သည်။ အာဒိုဂန်သည် “အာဏာရှင်ရူး” တစ်ဦးဖြစ်ပြီး ၎င်း၏နယ်ချဲ့လိုစိတ်ကြောင့် စီးပွားရေးပျက်ကပ်ဆိုက်ကာ ဒီမိုကရေစီသေဆုံးနေသည့် နိုင်ငံကို အုပ်ချုပ်နေသည့် “သနားစရာကောင်းသော အာဏာရှင်” သာဖြစ်သည်ဟု ဆိုသည်။
အစ္စရေးဘက်က တုံ့ပြန်ရာတွင် တူရကီသည်လည်း ဆိုက်ပရပ်စ်ကျွန်းနှင့် ကတ် (Kurd) နယ်မြေများကို သိမ်းပိုက်ထားသလို၊ အာမေးနီးယား လူမျိုးတုံးသတ် ဖြတ်မှုအပေါ်တွင် စီးပွားရေးတည်ဆောက်ခဲ့ခြင်းကြောင့် အစ္စရေးကို ကိုယ်ကျင့်တရားအကြောင်း ဆရာလာလုပ်ရန် မထိုက်တန်ကြောင်း တန်ပြန်စွပ်စွဲခဲ့သည်။
ယခုအငြင်းပွားမှုကြောင့် အစ္စရေးဝန်ကြီး အီလီယာဟုက တူရကီနှင့် သံတမန်ဆက်ဆံရေး အလုံးစုံဖြတ်တောက်ရန် အဆိုပြုချက်ကို အစိုးရထံ တင်ပြသွားမည်ဟု ကတိပြုခဲ့သည်။ ၎င်းသည် လူမှုကွန်ရက်တွင် ဝန် ကြီးချုပ်နေတန်ယာဟု၏ ခြေရင်း၌ အာဒိုဂန် ဦး ညွှတ်နေသည့် AI ဖြင့် ပြုပြင်ထားသော ပုံကိုလည်း မျှဝေခဲ့သဖြင့် အခြေအနေများမှာ ပိုမိုဆိုးရွားလာခဲ့ပါသည်။
#TurkeyIsraelConflict #Erdogan #Netanyahu #MiddleEastCrisis #MilitaryThreat #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN