



(ပြည်တွင်း) မတ် ၂၃
တတိယအကြိမ် ပြည့်သူ့လွှတ်တော် ပထမပုံမှန် အစီအဝေး ဒုတိယနေ့ကို ယနေ့ မတ် (၂၃) ရက် မနက် ၁၀ နာရီတွင် ပြည့်သူ့လွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည့်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ယင်းအစည်းအဝေးတွင် ပြည့်သူ့လွှတ်တော် ဉပဒေကြမ်းကော်မတီနှင့် ပြည့်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီတို့အား ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
ပြည့်သူ့လွှတ်တော် ဉပဒေကြမ်းကော်မတီတွင် ဒဂုံမဲဆဒ္ဒနယ်မှ ဒေါက်တာ နဒ္ဒကျော်စွာအား ဥက္ကဋ္ဌ အဖြစ်လည်းကောင်း အမရပူရ မဲဆဒ္ဒနယ်မှ ဦးသိန်းထွန်းဦးအား အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ယင်းကော်မတီတွင် တပ်တော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၂)ဦးအပါအဝင် ကိုယ်စားလှယ် (၁၅) ဦးဖြစ်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
ထို့နောက်ပြည့်သူ့လွှတ်တော် ပြည်သူ့ငွေစရင်း ကော်မတီအား ဆက်လက်ဖွဲ့စည်းရာ ကော်မတီ ဥက္ကဋ္ဌ အဖြစ် အောင်မြေသာဇံ မဲဆဒ္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတေဇကျော်၊ အတွင်းရေးမှုးအဖြစ် အောင်လံ မဲဆဒ္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်ချစ် တို့အား တာဝန်ပေးအပ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ယင်းကော်မတီတွင် တပ်တော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၂)ဦး အပါအဝင် ကိုယ်စားလှယ် (၁၅) ဦးဖြစ်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။