တယ်အဗစ်နှင့် ဂျေရုဆလင်အပါအဝင် အစ္စရေးတစ်နိုင်ငံလုံး ဥသြသံများ မြည်ဟည်းကာ ဒုံးကျည်ရန်ကြောင့် ဗုံးခိုကျင်းများထဲသို့ ဝင်ရောက်နေရ

(နိုင်ငံတကာ)မတ် ၈

     ယနေ့ နေ့လယ်ပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ အီရန်နိုင်ငံဘက်ကနေ အစ္စရေးနိုင်ငံကို Ballistic Missiles တွေနဲ့ အလုံးအရင်းနဲ့ ထပ်မံပစ် ခတ်လိုက်တာကြောင့် တယ်အဗစ် (Tel Aviv) နဲ့ ဂျေရုဆလင် (Jerusalem) အပါအဝင် အစ္စရေးတစ်နိုင်ငံလုံးနီးပါးမှာ လေကြောင်းရန် သတိပေးဥသြသံတွေ ဆက်တိုက်မြည်ဟည်းနေပြီး လူသန်းပေါင်းများစွာ ဗုံးခိုကျင်းတွေထဲကို ထွက်ပြေးပုန်းအောင်းနေကြရပါတယ်။

     အီရန်စစ်ပွဲ ဒုတိယပတ်ထဲကို ရောက်ရှိလာချိန်မှာ အီရန်ဘက်ကနေ အစ္စရေးနိုင်ငံအနှံ့ကို ပစ်မှတ်ထားပြီး Ballistic Missiles အမြောက်အမြားနဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

     ယနေ့ (တနင်္ဂနွေနေ့) မနက်ပိုင်းကစပြီး အီရန်ဘက်ကနေ အနည်းဆုံး ဒုံးကျည်ပစ်ခတ်မှု ၄ ကြိမ် (Waves) ပြုလုပ်ခဲ့ရာ တယ်အဗစ်၊ ဂျေရုဆလင်၊ ဘီယာရှီဘာ (Beersheba) နဲ့ အစ္စရေးမြောက်ပိုင်းဒေသတွေမှာ ဥသြသံတွေ မြည်ဟည်းခဲ့ပါတယ်။

     အစ္စရေးကာကွယ်ရေးတပ် (IDF) ရဲ့ ထုတ်ပြန်ချက်အရ အီရန်ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်အများစုကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး အချို့မှာ လူမနေတဲ့ ဟင်းလင်းပြင်တွေထဲကို ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။

     တယ်အဗစ်နဲ့ ဂျေရုဆလင်က လမ်းမတွေပေါ်မှာ လူသူကင်းမဲ့သွားပြီး သန်းနဲ့ချီတဲ့ အစ္စရေးနိုင်ငံသားတွေဟာ ဘေးကင်းရာ ဗုံးခိုကျင်း (Shelters) တွေထဲမှာ နာရီပေါင်းများစွာ ပုန်းအောင်းနေကြရပါတယ်။

     အီရန်ရဲ့ ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့ ရေနံသိုလှောင်ရုံတွေ ဗုံးကြဲခံရမှုကို လက်တုံ့ပြန်တာဖြစ်ပြီး၊ အစ္စရေးပြည်သူတွေကို ဗုံးခိုကျင်းထဲမှာ အချိန်အကြာကြီး နေထိုင်စေခြင်းဖြင့် အစိုးရအပေါ် ဖိအားပေးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ စစ်ပွဲဟာ အခုအခါမှာ “ပဲ့ထိန်းဒုံးကျည်ချင်း အပြန်အလှန် ပစ်ခတ်တဲ့စစ်ပွဲ” (Ballistic Missile Duel) အဆင့်ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

#PositiveAngle #IranIsraelWar #EnergyCrisis #BreakingNews #Tehran #Haifa #OilPrices
Telegram»…
https://t.me/positiveanglenews

#PAN