(နိုင်ငံတကာ)မတ် ၈
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က တီဟီရန်မြို့ပတ်ဝန်းကျင်ရှိ အဓိက လောင်စာဆီသိုလှောင်ကန်ကြီးများကို တိုက်ခိုက်နိုင်ခဲ့ပြီးနောက် မြို့တော်တစ်ခုလုံးသည် မီးတောက်များမှ ထွက်ပေါ်လာသော အလင်း ရောင်ကြောင့် “ကမ္ဘာပျက်ကိန်းဆိုက်နေတဲ့ လိမ္မော် ရောင် (End-of-times orange)” လိုမျိုး တောက်လောင်နေပြီလို့ မျက်မြင်သက်သေတွေနဲ့ နိုင်ငံတကာသတင်းတွေက ဖော်ပြနေကြပါတယ်။
ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသော မီးခိုးငွေ့များနှင့် မီးတောက်များသည် ကီလိုမီတာပေါင်းများစွာအထိ မြင်တွေ့နေရပြီး၊ ညအချိန်ဖြစ်သော်လည်း မြို့တော်တစ်ခုလုံး နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေသည်။
အီရန်၏ အဓိက လောင်စာဆီ အရံသိုလှောင်ကန်များ ဖျက်ဆီးခံလိုက်ရခြင်းကြောင့် လာမည့်ရက်ပိုင်းအတွင်း တီဟီရန်နှင့် အနီးတစ်ဝိုက်တွင် သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ်ဓာတ်အားပေးစနစ်များ အကြီးအကျယ် ရပ်တန့်သွားနိုင်သည်။
တီဟီရန်မြို့နဲ့ အယ်လ်ဘော့ဇ် (Alborz) ပြည်နယ်အတွင်းရှိ ရေနံသိုလှောင်ရုံ ၄ ခု နဲ့ ရေနံထွက်ပစ္စည်း သယ်ယူပို့ဆောင်ရေး စင်တာ ၁ ခု ကို အမေရိကန်နဲ့ အစ္စရေး လေယာဉ်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်လို့ အီရန်အမျိုးသား ရေနံထွက်ပစ္စည်း ဖြန့်ဖြူးရေးကုမ္ပဏီ (NIOPDC) ရဲ့ CEO Keramat Veyskarami က နိုင်ငံပိုင်ရုပ်သံကတစ်ဆင့် အတည်ပြုခဲ့ပါသည်။
အဆိုပါနေရာတွေမှာ မီးလောင်ကျွမ်းမှုတွေ ရှိခဲ့ပေမဲ့ လက်ရှိမှာတော့ မီးကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းနဲ့ ရေနံချက်စက်ရုံ (Refinery) ကိုတော့ ထိခိုက်ခြင်း မရှိဘူးလို့ ၎င်းက ဆိုပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) သည် ၎င်းတို့၏ စွမ်းအင်ကဏ္ဍ တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ ဟိုင်ဖာ (Haifa) ရေနံချက်စက်ရုံသို့ Kheibarshekan ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။
ဟိုင်ဖာမြို့နဲ့ အနီးတစ်ဝိုက်မှာ အီရန်ဒုံးကျည်တွေ ကျရောက်လာနိုင်တဲ့အတွက် လေကြောင်းရန် သတိ ပေးဥသြသံတွေ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ပါတယ်။အစ္စရေးဘက်ကတော့ ဒုံးကျည်အများစုကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်အထိ ဟိုင်ဖာ ရေနံချက်စက်ရုံမှာ ကြီးမားတဲ့ ပျက်စီးမှု ဒါမှမဟုတ် လူသေဆုံးမှု ရှိတယ်ဆိုတဲ့ သတင်းမျိုး အစ္စရေးဘက်က အတည်ပြုခြင်း မရှိသေးပါ။
#PositiveAngle #IranIsraelWar #EnergyCrisis #BreakingNews #Tehran #Haifa #OilPrices
Telegram»…
https://t.me/positiveanglenews
#PAN