(ပြည်တွင်း) ဖေဖော်ဝါရီ ၄ နိုင်ငံ့ဝန်ထမ်းများအနေနဲ့ နိုင်ငံရေးနှင့်နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ရမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဖေဖော်ဝါရီလ ၃ ရက်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့်…
Day: February 4, 2026
DEMU ရထား ၂ စီးကို ခဲဖြင့်ပေါက်သူ ၄ ကို ဖမ်းဆီးရမိ
(မှုခင်း) ဖေဖော်ဝါရီ ၄ ရန်ကုန်မြို့ပတ်လမ်း အင်းစိန် – လှော်ကားကိုပြေးဆွဲသည့် RBE ရထားနှင့် ရန်ကုန် – နေပြည်တော်လမ်းပိုင်းတွင်ပြေးဆွဲနေသည့် DEMU အဆင့်မြင့်အမြန်ရထားများအား ခဲဖြင့်ပစ်ပေါက်သူများကို ဖမ်းဆီးရမိကြောင်း…
အင်ဂျင်ခန်း အပူလွန်ကဲရာမှ မြစန္ဒာ ခရီးသည်တင်ယာဉ်မီးလောင်
(မှုခင်း)ဖေဖော်ဝါရီ ၄ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ပေပင်လေးကျေးရွာ၊ ရန်ကုန် -မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် အမှတ်(၂၆၀/၃)ဖာလုံ အနီးတွင် ခရီးသည်ယာဥ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။ ယနေ့နံနက်၅နာရီ၂၈မိနစ်အချိန်က ရန်ကုန် -မန္တလေးအမြန်လမ်းမကြီးပေါ်၌…
မိုင်းရယ်မြို့အနီးမှာ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိ
(မှုခင်း) ဖေဖော်ဝါရီ ၄ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်းမှာ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများ အခြေပြုလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေနဲ့ လောင်းကစားမှုတွေမှာအသုံးပြုတဲ့ ပစ္စည်းတွေအပါအဝင် မော်တော်ယာဉ်တွေကို ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။ တာဝန်သိပြည်သူတွေရဲ့ သတင်းပေးပို့မှုအရ…
ဥက္ကဌနဲ့ အတွင်းရေးမှုးအပြင် အဖွဲ့ဝင် ၅ ဦးထက်ပါဝင်တဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဥပဒေပြဌာန်း
(ပြည်တွင်း) ဖေဖော်ဝါရီ ၄ ဥက္ကဋ္ဌ အတွင်းရေးမှူးအပြင် အဖွဲ့ဝင် ၅ ဦးထက်မနည်းပါဝင်တဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဥပဒေပြဌာန်းလိုက်ပါတယ်။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေပြုခွင့်အာဏာကို ကျင့်သုံးပြီး…
ရုရှားနိုင်ငံသားတစ်ဦးအပါဝင် ပြည်ပနိုင်ငံသား သုံးဦးတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေး
(ပြည်တွင်း) ဖေဖော်ဝါရီ ၄ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ဆီရီရာလီရွန်နိုင်ငံသား နှစ်ဦးနှင့် ရုရှားနိုင်ငံသားတစ်ဦး၊ စုစုပေါင်း…
စစ်ကိုင်း၊ မုံရွာနှင့် တာချီလိတ်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူ
(မှုခင်း)ဖေဖော်ဝါရီ ၄ စစ်ကိုင်းမြို့နယ်၊ မုံရွာမြို့နယ်နှင့် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တို့၌ ဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ ရက်က လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ…
အကြမ်းဖက်PDFသမားများ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ရေတာရှည်မြို့နယ်တွင် အရပ်သား(၁)ဉီး သေဆုံး
(မှုခင်း)ဖေဖော်ဝါရီ ၃ ပဲခူးတိုင်းဒေသကြီး၊ရေတာရှည်မြို့နယ်၊သိုင်းဝကျေးရွာနေထိုင်တဲ့အရပ်သားတစ်ဉီးကိုPDFများမှသတ်ဖြတ်ခဲ့ကြောင်းသိရသည်။ ဉီးဇော်ထက်(၃၆)နှစ်၊ဉယျာဉ်မှူးကျေးရွာနေ ကိုဇင်ကိုဝင်း(၂၄)နှစ်၊ဦးမင်းမင်း(၃၈)နှစ်တို့သည် ဖေဖော်ဝါရီ(၁)ရက်၊ နံနက်(၈)နာရီအချိန်တွင် ဝါးများသယ်ဆောင်ရန်သွားရောက်စဉ် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်းသိရသည်။ ဉီးဇော်ထက်တို့သုံးဉီးသည် ထုံးကြီးကျေးရွာ အနီးရောက်တွင်အကြမ်းဖက်PDFသမား (၅)ဉီးခန့်သည် ၎င်းတို့ စီးနင်းလာသောမော်တော်ယာဉ်အား တားဆီးကာ…
ဖျာပုံမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာ အမျိုးသား၁ဦးသေဆုံး
(မှုခင်း) ဖေဖော်ဝါရီ ၃ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ မြို့နယ်၊ တမံကျေးရွာ၊ ဖျာပုံ-ဘိုကလေးသွားကားလမ်း မိုင်တိုင်အမှတ် ၄ မိုင် ၁ ဖာလုံအနီး၌ ဖေဖော်ဝါရီ ၁ ရက်…