ဖျာပုံမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာ အမျိုးသား၁ဦးသေဆုံး

(မှုခင်း) ဖေဖော်ဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ မြို့နယ်၊ တမံကျေးရွာ၊ ဖျာပုံ-ဘိုကလေးသွားကားလမ်း မိုင်တိုင်အမှတ် ၄ မိုင် ၁ ဖာလုံအနီး၌ ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ အသက်(၆၂)အရွယ်ရှိ ဦးတင်ဝင်းသည် HONDA WAVE 100 ဆိုင်ကယ်ဖြင့် ဖျာပုံမြို့မှ ဘိုကလေးမြို့ဘက်သို့ မောင်းနှင်လာစဉ် တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ အမှတ်(၇၁)ရပ်ကွက်နေ အသက်(၆၀)အရွယ်ရှိ ဦးကျော်ကျော်ဝင်း၏ ခရီးသည်တင်မော်တော်ယာဉ်အား အရှိန်လွန်၍ ဝင်တိုက်မိခဲ့ကြောင်းသိရသည်။

ထိုယာဉ်တိုက်မှုတွင် ဦးတင်ဝင်း၌ ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်းသိရသည်။