


(မှုခင်း)ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ပေပင်လေးကျေးရွာ၊ ရန်ကုန် -မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် အမှတ်(၂၆၀/၃)ဖာလုံ အနီးတွင် ခရီးသည်ယာဥ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ယနေ့နံနက်၅နာရီ၂၈မိနစ်အချိန်က ရန်ကုန် -မန္တလေးအမြန်လမ်းမကြီးပေါ်၌ မြစန္ဒာ ခရီးသည်တင်ယာဉ်သည် နောက်အင်ဂျင်ခန်း အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ ခရီးသည်ယာဥ်မိးလောင်သည့်နေရာသို့ ပေပင်လေးအမြန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက်၅နာရီ ၄၃မိနစ် အချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။