

(မှုခင်း) ဖေဖော်ဝါရီ ၄
ရန်ကုန်မြို့ပတ်လမ်း အင်းစိန် – လှော်ကားကိုပြေးဆွဲသည့် RBE ရထားနှင့် ရန်ကုန် – နေပြည်တော်လမ်းပိုင်းတွင်ပြေးဆွဲနေသည့် DEMU အဆင့်မြင့်အမြန်ရထားများအား ခဲဖြင့်ပစ်ပေါက်သူများကို ဖမ်းဆီးရမိကြောင်း သိရသည်။
ရန်ကုန် မြို့ပတ်လမ်းပိုင်းအတွင်း အင်းစိန် လှော်ကား ပြေးဆွဲပေးလျက်ရှိသည့် RBE (ခ-၇)အဆန်ရထားသည် ဇန်နဝါရီ ၃ဝ ရက်က တညင်းကုန်းဘူတာနှင့် လှော်ကားဘူတာကြား မိုင်တိုင်အမှတ် ၁၅/၁၁-၁၂ အရောက် ညနေ ၆ နာရီ ၃၅ မိနစ်တွင် အမည်မသိသူ ၁ဦးက ရထားအား၊ ခဲဖြင့်ပစ်ပေါက်ခဲ့ရာ ခရီးသည်ထိုင်ခုံဘေး မှန်ပြတင်းပေါက် အလျား ၃ ပေ၊ ၇ လက်မ၊ အနံ ၁ ပေ ၆ လက်မရှိသော ပြတင်းပေါက်မှန်ကွဲကြေ ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ရထားမှန်ပြတင်းေပါက်အား ခဲဖြင့်ပစ်ပေါက်သူကို လှော်ကားနယ်မြေရဲ ခန်း တွင် အမှုအမှတ် (၀) ၃၃/၂၀၂၆ ရထား ပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၄ ဖြင့်အမှုဖွင့်လှစ်ဆောင်ရွက်ထားေကြာင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ လုံခြုံရေးအဖွဲ့များမှ ဖေဖော်ဝါရီ၁ ရက် မွန်းလွဲ၁နာရီခွဲတွင်သွားရောက်စုံစမ်းစစ်ဆေးခဲ့ရာ ထပ်မံ၍ ခဲဖြင့်ပစ်ပေါက်ခဲ့သူတရားခံ ၄ဦးဖြစ်သူ ရွှေပြည်သာ မြို့နယ်နေ ထိန်းလင်းအောင်၊ ပြည်ဖြိုးအောင်၊ ချမ်းမြေ့အောင်နှင့် ကောင်းမြတ်မင်းတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့နံနက် ၁ဝ နာရီ ၃၆ မိနစ်တွင် ရန်ကုန်- နေပြည်တော်လမ်းပိုင်းအတွင်း ပြေးဆွဲပေးလျက်ရှိသည့် အမှတ်(၃၁) အသန် DEMU ရထားသည် ရေထရှည်မြို့နယ် မြို့လှနှင့် ရေနီဘူတာ
အကြား နိုင်တိုင်အမှတ် ၂၀၃၂၁၅-၁၆ အကြားတွင် ပြေးဆွဲဖြတ်သန်းနေစဉ် အမည်မသိသူ ၁ဦးမှ ရထားအား ခဲဖြင့်ပစ်ပေါက်ခဲ့ရာ စက်ခေါင်း နောက် သုံးတွဲမြောက်DEMU-J-24 အထက်တန်းတွဲ(၂)၏ ညာဘက် ခြမ်း ခရီးသည်ထိုင်ခုံနေရာ ၊ ပြတင်းပေါက်အပေါ်နဲ့ ခြောက်လက်မ ခန့် ပေါက်၍ကွဲကြေပျက်စီးမှုဖြစ်ပွားခဲ့သဖြင့် ရေနီဘူတာတွင် ရှစ်မိနစ် ခန့် ရထားရပ်တန့်ခဲ့ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ယခင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်တွင် အမှတ်(၄)အဆန် DEMUရားအား ဖြူနှင့် ဇေယျဝတီဘူတာအကြားဖြင့်ပစ်ပေါက်ခဲ့သူ တရားခံ ထက်ဦးလွင်)မငထော်နီအား တောင်ငူခရိုင်တရားရုံးမှ ရာဇသတ်ကြီးမှုအမှတ် ၁၂၅/၂၀၂၅ ဖြင့် ဒီဇင်ဘာ ၅ ရက်တွင် ရထား ပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ် ချမှတ်အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထား ပို့ဆောင်ရေးလုပ်ငန်းဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ)အရ ရထားကို တစ်စုံတစ်ရာဖြင့်ပစ်ပေါက်ခြင်း (သို့မဟုတ်) တစ်စုံတစ်ရာပြုလုပ်ခြင်း အတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ(၈၄)အရ ထိုလူကို အနည်းဆုံး ငါးနှစ် မှ အများဆုံး နှစ် ၂၀ ထက်မပိုသောထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်းသိရပြီး ယခုဖြစ်စဉ်များနှင့်ပတ်သက် ၍ ဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။