နေပြည်တော်က မဲဆန္ဒနယ်တွေမှာ ပြည်ခိုင်ဖြိုးအနိုင်ရခဲ့

(ပြည်တွင်း) ဒီဇင်ဘာ ၃၀

ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးခင်ရီဝင်ရောက်ယှဉ်ပြိုင်တဲ့ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိအပါအဝင် နေပြည်တော်ကောင်စီနယ်မြေ ၈ မြို့နယ်က မဲဆန္ဒနယ်အားလုံးမှာ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော်မှာ ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ် ဇေယျာသီရိမှာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဦးလှဆွေက ပုဗ္ဗသီရိ၊ ဦးခင်မောင်ဌေးက ပျဉ်းမနား၊ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းက ဒက္ခိဏသီရိ၊ ဦးဝင်းဌေးက လယ်ဝေး၊ ဦးမောင်မောင်အုံးက တပ်ကုန်း၊ ဥတ္တရသီရိမြို့နယ်မှာ ဦးတင်အောင်ဆန်း တို့ကဝင်ရောက်ယှဉ်ပြိုင်ကြတာလို့ မဲဆွယ်စည်းရုံးမှုတွေအရ သိရပါတယ်။

ပြည်ခိုင်ဖြိုးပါတီကနေ အမျိုးသားလွှတ်တော်(FPTP)ကိုယ်စားလှယ်လောင်းအဖြစ် ဦးတင်ဦးလွင်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်တယ်လို့ သိရပြီး အမျိုးသားလွှတ်တော်(PR)မှာတော့ ဦးအောင်လင်းဒွေးက ပါဝင်တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲရလာဒ်တွေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အပိုင်း ၃ ပိုင်းလုံးအပြီးမှာ ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။