ဝါးခယ်မမြို့တွင် စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုဖြစ်ပွား

(မှုခင်း) မေ ၂

ဧရာဝတီတိုင်းဒေသ၊ ဝါးခယ်မမြို့၊ မော်ကျွန်း-ဝါးခယ်မသွားကားလမ်းပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်၌ ယနေ့ နံနက် ၉ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်သည့် နေရာသို့ ဝါးခယ်မမြို့နယ်မီးသတ်စခန်း၊ ရွှေလောင်း/ကျုံမငေး/ရွာသစ်/မော်ကျွန်းမြို့နယ် မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မီးငြှိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် စက်သုံးဆီအရောင်းဆိုင်မှာမီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

#PAN