ရွေးကောက်ပွဲ အပိုင်း ၂ အတွက် ပါတီတွေ ပြန်လည်မဲဆွယ်နေ

(ပြည်တွင်း) ဒီဇင်ဘာ ၃၀

လာမယ့်နှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) မှာပါဝင်တဲ့ ပါတီတွေမဲဆွယ်မှုတွေဟာ မဲဆွယ်စည်းရုံးမှုတွေ ပြန်လည်လုပ်ဆောင်နေကြပါတယ်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂)ကို လာမည် ၂၀၂၆ ခုနှစ်၊(ဇန်နဝါရီလ ၁၁ ရက် ) တနင်္ဂနွေနေ့ ၌ မြို့နယ်ပေါင်း ( ၁၀၀ )တွင်ကျင်းပမည်ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အောက်တိုဘာ ၂၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲအပိုင်း(၂)မှာ ပါဝင်မယ့်စာရင်းမှာတော့ ကချင်ပြည်နယ်က မချမ်းဘော၊ မိုးကောင်း နှင့် ဝိုင်းမော်မြို့နယ်တို့ပါဝင်ပြီး ကယားပြည်နယ်မှာတော့ ဒီးမော့ဆိုနဲ့ ဖရူဆိုတို့လည်းပါဝင်နေပါတယ်။

မွန်ပြည်နယ်မှာတော့ ဘီးလင်း ၊ မုဒုံ နဲ့ သံဖြူဇရပ်အပါအဝင် (၅) မြို့နယ် ကရင်ပြည်နယ်မှာ ဖာပွန်နဲ့ လှိုင်းဘွဲ့မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ကလေးဝ၊ မင်းကင်းနဲ့ဝန်းသို အပါအဝင် (၁၁)မြို့နယ်၊ တနင်္သာရီတိုင်း ဒေသကြီးမှာ ရေဖြူ၊ ကျွန်းစုနဲ့ တနင်္သာရီမြို့နယ်တို့ ပါဝင်ပါတယ်။

ပဲခူးတိုင်းဒေသကြီးမှာတော့ ဒိုက်ဦး၊ ရွှေကျင်နဲ့ ထန်းတပင် အပါအဝင် (၁၂မြို့နယ်၊ မကွေးတိုင်းဒေသကြီးမှာ စလင်း၊ စေတုတ္တရာနဲ့ ကံမ အပါအဝင် (၁၁)မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးမှာ စဉ့်ကိုင်၊ ကျောက်ပန်းတောင်းနဲ့ တံတားဦး အပါအဝင် (၉) မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးမှာ ဗဟန်း၊ ပန်းဘဲတန်းနဲ့ လသာမြို့နယ် အပါအဝင် (၁၆) မြို့နယ်ပါဝင်ပါတယ်။

ရှမ်းပြည်နယ်မှာလည်း ရွာငံ၊ ဆီဆိုင်နဲ့ ကလော အပါအဝင် (၁၉) မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးမှာတော့ ကျောင်းကုန်း၊ ကန်ကြီးထောင့်နဲ့ သာပေါင်းမြို့နယ်တို့အပါအဝင် (၉) မြို့နယ်ပါဝင်နေတာဖြစ်ပါတယ်။