ရွေးကောက်ပွဲ အသိပညာပေးနှိုးဆော်မှု ရုပ်ရှင်အနုပညာရှင်ပါဝင်ဆောင်ရွက်နေ

(ပြည်တွင်း) နိုဝင်ဘာ ၁၂

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာစတင်ကျင်းပမယ့် ရွေးကောက်ပွဲ အသိပညာပေးနှိုးဆော်မှုအတွက် ရုပ်ရှင်အနုပညာရှင်တွေကပါဝင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲနဲ့သာ ဖော်ဆောင်နိုင်မှာဖြစ်လို့ ပြည်သူတစ်ရပ်လုံးက ရွေးကောက်ပွဲကြီးမှာ ပါဝင်မဲပေးပြီး ဒီမိုကရေစီနိုင်ငံတော်ကို အတူတကွ ဖော်ဆောင်ကြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရုပ်ရှင်အနုပညာရှတွေ တစ်ဖက်တစ်လမ်းကနေ ပူးပေါင်းပါဝင် ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်ကစပြီး ရန်ကုန်မြို့ အနုပညာရပ်ဝန်းက ရုပ်ရှင်ဒါရိုက်တာတွေနဲ့ အနုပညာရှင်တွေပူးပေါင်းပြီး အသိပညာပေး နှိုးဆော်မှုတွေအတွက် ရိုက်ကူးရေးလုပ်ကူးရေးလုပ်ငန်းတွေလုပ်ဆောင်နေပြီး နိုင်ငံပိုင်ရုပ်ငံတွေကနေ ထုတ်လွှင့်ပေးနေတယ်လို့ သိရပါတယ်။

အခုလိုရိုက်ကူးမှုတွေမှာ ရုပ်ရှင်အနုပညာရှင်တွေဖြစ်ကြတဲ့ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်၊ အကယ်ဒမီ ထွန်းထွန်း၊ အကယ်ဒမီ ရွှေထူး၊ ညီနန္ဒ၊ ဟိန်းဝေယံ၊ ပိုင်တံခွန်၊ အောင်ရဲလင်း၊ အလင်းရောင်၊ တိုင်ရွန်၊ လွှမ်းပိုင်၊ ကျော်ထက်အောင်၊ ထူးအောင်၊ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်၊အကယ်ဒမီ ခိုင်သင်းကြည်၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ စိုးပြည့်သဇင်၊ အကယ်ဒမီ ဖွေးဖွေး၊ အကယ်ဒမီ ဝတ်မှုံရွှေရည်၊ အကယ်ဒမီ ချောရတနာ၊ အကယ်ဒမီ အေးမြတ်သူ၊ အကယ်ဒမီ ရွှေမှုန်ရတီ၊ အကယ်ဒမီ ခင်ဝင့်ဝါ၊ မိုးဟေကို၊ ယွန်းဝတီလွင်မိုး၊ ပိုးမမှီသာ၊ ရတနာဗို၊ သဉ္ဇာဝင့်ကျော်၊ ဖူးစုံ၊ နော်ဖောအယ်ထား၊ ဆောင်းဝတ်ရည်မေ၊ မေပန်းချီ၊ သဲစုညိမ်း၊ မေမီကိုကိုနဲ့ ရွှေသမီးတို့ပါဝင်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

PAN