PDF ထောင်ထားတဲ့မိုင်းကိုနင်းမိတဲ့ နှမ်းစိုက်တောင်သူတစ်ဦး မိုင်းဒဏ်ရာရ

(ပြည်တွင်း) စက်တင်ဘာ ၁၅

PDF အကြမ်းဖက်အဖွဲ့တွေထောင်ထားတဲ့မိုင်းကိုတက်နင်းမိတဲ့ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာက နှမ်းစိုက်တောင်သူ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှာနေထိုင်တဲ့ မကြီးကြီး(၁၇)နှစ်ဟာ အစ်မဖြစ်သူ မသန်းဌေးအောင်(၁၉)နှစ်နဲ့အတူ စက်တင်ဘာ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်က ကျေးရွာရဲ့တောင်ဘက် တစ်မိုင်ခန့်အကွာမှာရှိတဲ့ ယာခင်းအတွင်း နှမ်းစိုက်နေစဉ် ယာခင်းအနီးမှာ PDF အကြမ်းဖက်အဖွဲ့ ထောင်ထားတဲ့ နင်းမိုင်းတစ်လုံးကို မကြီးကြီးမှ နင်းမိပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် မကြီးကြီးမှာမိုင်းစ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေတယ်လို့ သိရပါတယ်။