
(နိုင်ငံတကာ)ဧပြီ ၂၉
အီရန်နှင့် ဖြစ်ပွားနေသော ပဋိပက္ခများအတွင်း ဆွေးနွေးပွဲများမှာ ရှေ့မတိုးသာဘဲ ထိပ်တိုက်ရင်ဆိုင်မှုများ ပိုမိုပြင်းထန်လာချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်အစိုးရအနေဖြင့် “မကြာမီ အသိ တရားရရှိရန်” (Better get smart soon) ပြင်းထန်စွာ သတိပေးလိုက်သည်။
သမ္မတထရန့်သည် ၎င်း၏ Truth Social လူမှုကွန် ရက်စာမျက်နှာတွင် ၎င်းကိုယ်တိုင် သေနတ်တစ်လက် ကိုင်ဆောင်ထားသည့် ပြုပြင်ထားသော ပုံရိပ်တစ်ခုကို တင်ခဲ့ပြီး “နျူကလီးယားမဟုတ်သော သဘောတူညီချက်” (Nonnuclear deal) ကိုသာ လက်ခံမည်ဖြစ် ကြောင်း အချက်ပြခဲ့သည်။ လက်ရှိတွင် ပါကစ္စတန်နိုင်ငံက ကြားဝင်စေ့စပ်ပေးနေပြီး လာမည့်ရက်အနည်းငယ်အတွင်း အီရန်ထံမှ ပြင်ဆင်ထားသည့် အဆိုပြုချက်အသစ်ကို လက်ခံရရှိရန် မျှော်လင့်နေကြောင်း သတင်းများက ဆိုသည်။
အိမ်ဖြူတော်တွင် ကျင်းပခဲ့သည့် နိုင်ငံတော်ညစာစားပွဲ၌ သမ္မတထရန့်က ဗြိတိန်ဘုရင် ချားလ်စ် (၃) သည်လည်း အီရန်တွင် နျူကလီးယားလက်နက် မရှိသင့်ကြောင်း ၎င်းနှင့် သဘောထားချင်း တိုက်ဆိုင် သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ သို့သော်လည်း အီရန်အရေးနှင့် ပတ်သက်၍ အမေရိကန်နှင့် ဥရောပမဟာမိတ်များအကြား ကိုင်တွယ်ပုံချင်း မတူညီမှုများကြောင့် အတ္တလန္တိတ်သမုဒ္ဒရာ တစ်ဖက်တစ်ချက်ရှိ နိုင်ငံများကြား တင်းမာမှုများလည်း ရှိနေသည်။
ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရနိုင်ခြေအပေါ် စိုးရိမ်မှုများကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းမှာ တစ်စည်လျှင် ၁၁၀ ဒေါ်လာအထက်သို့ ပြန်လည်ရောက်ရှိလာသည်။ UAE နိုင်ငံ OPEC အဖွဲ့မှ နုတ်ထွက်လိုက်ခြင်းကြောင့် ရေနံထုတ်လုပ်မှု တိုးလာနိုင်သော်လည်း စျေးကွက်မှာ ဆက်လက်တင်းမာနေဆဲဖြစ်သည်။
လက်ဘနွန်တောင်ပိုင်းတွင် အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး အင်္ဂါနေ့က လူ ၈ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
#Trump #IranConflict #OilPrices #KingCharles #MiddleEastCrisis #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN