ဖျာပုံတွင် ထင်းမီးဖို မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားရာ နေအိမ်၇၀ခန့် မီးလောင်ဆုံးရှုံး

(မှုခင်း)ဧပြီ ၂၉

ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့နံနက် ၂ နာရီအချိန်ခန့်က ချောင်းဝကျေးရွာနေ ဒေါ်သက်သက်ထား၏ နေအိမ်ရှိ ထင်းမီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး ပတ်ဝတ်ကျင်ရှိနေအိမ် ၇၀နီးပါး မီးကူးဆက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်သည့်နေရာသို့ ဖျာပုံခရိုင်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ကျုံကဒွန်းနယ်မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အတူ ဒေသခံများ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြရာ နံနက် ၄နာရီအချိန်ခန့်တွင် မီး့ငိမ်းသွားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် နေအိမ် ၇၀ လူဦးရေ ၃၄၇ ဦး မီးဘေးသင့်ခဲ့ရကြောင်း၊ မီးဘေးသင့်ပြည်သူများအား ချောင်းဝကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယာယီနေထိုင်နေကြကြောင်း၊ မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင် ဒေါ်သက်သက်ထားအား သက်ဆိုင်ရာ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

#PAN