
(ပြည်တွင်း) စက်တင်ဘာ ၁၅
တနင်္သါရီတိုင်းဒေသကြီး ပုလောက်မြို့ကနေ ထားဝယ်မြို့ကို ခရီးသွားတဲ့ ဆရာတော်တစ်ပါး လမ်းဘေးအပေါ့စွန်ရာ PDF ထောင်ထားတဲ့မိုင်းနင်းမိတာကြောင့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကော့သောင်းမြို့၊ ညောင်လေးပင်ကျောင်းတိုက်က ဆရာတော် ဥူးတေဇ သက်တော်(၆၀)နှစ် ဝါတော် ၃ ဝါဟာ ပလောက်မြို့၊ မွန်ဘုန်းကြီးကျောင်းကနေ ထားဝယ်မြို့ကို ကြွရောက်ဖို့ ကားကြုံဖြင့် လိုက်ပါခဲ့ပြီး ပုလောမြို့နယ်၊ ဆင်ထိုးကြီးကျေးရွာလမ်းဆုံအရောက် ယာဉ်ပေါ်မှဆင်းကာ အပေါ့စွန့်ရန် လမ်းဘေးကို လျှောက်သွားစဉ် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံးကို နင်းမိခဲ့တာဖြသ်တယ်လို့ သိရပါတယ်။
အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဥ်ဟာ စက်တင်ဘာ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး
မိုင်းပေါက်ကွဲခဲ့မှုကြောင့် ဆရာတော် ဥူးတေဇမှာ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဆရာတော်ဟာ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ ပလောက်တိုက်နယ်ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေတယ်လို့ သိရပါတယ်။