မော်လမြိုင်မှာ နေအိမ်ဓားပြတိုက်မှုဖြစ်ပွား

(မှုခင်း) စက်တင်ဘာ ၁၁

မော်လမြိုင်မြို့ စျေးကြိုရပ်ကွက် အမှတ်(၅)၊လမ်းသွယ် (၃) တက္ကသိုလ်ဖြတ်လမ်းကနေအိမ်တစ်အိမ်မှာ ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၆ နှစ်အရွယ် ဦးကျော်သူရရဲ့နေအိမ်မှာ စက်တင်ဘာလ ၁၁ ရက် မနက် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်က ဓားပြတိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ကနဦးစုံစမ်းမှုတွေအရ အသက် ၂၀ မှ ၃၀ နှစ်ခန့် ရှိပြီး မွန်စကားသံဝဲတဲ့ လူငယ်(၃)ဦး ဟာ မျက်နှာဖုံး လက်အိတ်အဖြူ၊ ဘောင်းဘီရှည်အမဲနဲ့ ကတ်ဦးထုပ်တွေဝတ်ဆင်ထားပြီး (၁)ယောက်မှာ ဆိုင်ကယ်ဦးထုပ်ဆောင်းထားသလို သူတို့ဆီမှာ သေနတ်နဲ့ ​ဓါးလည်းပါရှိတယ်လို့ သိရပါတယ်။

အဆိုပါဓားပြတွေဟာ နေအိမ်ပိုင်ရှင်တွေဆီကနေ I phone 16 pro max (၁) လုံး၊ I phone 14 pro Deep (၁)လုံး၊ IPad Pro (၁)လုံး၊ မီးလင်းလက်ကောက် ၃ ကျပ်သား (၁)ကွင်း၊ မီးလင်းလက်စွပ် ၂ကျပ်သားတစ်ကွင်း မီးလင်းဆွဲကြိုး(၁)ကုံး ၂ကျပ်သား၊ မီးလင်းဆွဲကြိုး(၁)ကုံး ၃ကျပ်သား၊ ငွေကျပ်သိန်း(၄၀၀)ခန့်တို့ကိုယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အမှုမှန်ပေါ်ပေါက်ရေး တရားခံများကိုအမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးပူးပေါင်းအဖွဲ့တွေက စစ်ဆေးဖော်ထုတ်လျှက်ရှိတယ်လို့ သိရပါတယ်။