ဈေးဝယ်ပြန်လာတဲ့ စေတုတ္တရာက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသားတစ်ဦးကို PDF သတ်ဖြတ်

(မှုခင်း) စက်တင်ဘာ ၅

စေတုတ္တရာမြို့ကနေ ဈေးဝယ်ပြီးပြန်လာတဲ့ စေတုတ္တရာမြို့နယ်၊ နတ်ကြီးကုန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာသားတစ်ဦးကို PDF အကြမ်းဖက်တွေက ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ နတ်ကြီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်တင်ဝင်း (၅၄)နှစ်ဟာ တစ်ရွာတည်းနေ ဦးတင်အောင်ရင်(၅၈)နှစ်နဲ့အတူ စေတုတ္တရာမြို့ကနေ ဈေးဝယ်ပြီး နတ်ကြီးကုန်းကျေးရွာကို ခြေလျင်ပြန်လာစဉ် ဒွေးကျင်းကျေးရွာနဲ့ နတ်ကြီးကုန်းကျေးရွာကြား အရောက်မှာ PDF အကြမ်းဖက်အဖွဲ့ က ပစ်ခတ်သတ်ဖြတ် သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီက စေတုတ္တရာမြို့နယ်၊ ဒွေးကျင်းကျေးရွာအနောက်ဘက် တစ်မိုင်ခန့်အကွာမှာ အမျိုးသား နှစ်ဦး ကျည်ထိမှန် ဒဏ်ရာတွေနဲ့ သေဆုံးနေတယ်ဆိုတဲ့သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာကနေ အုပ်ချုပ်ရေးမှူးဖြစ်တာကိုသိရှိခဲ့ရတာလို့လည်း သိရပါတယ်။

နတ်ကြီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်တင်ဝင်းနဲ့ တစ်ရွာတည်းနေ ဦးတင်အောင်ရင်တို့ကို စက်တင်ဘာ ၂ ရက် ညနေ ၄ နာရီမှာ PDF တွေကပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးဟာ ကျည်ထိမှန် ဒဏ်ရာတွေရရှိကာသေဆုံးသွားခဲ့ကြတာလို့လည်း သိရပါတယ်။