
(မှုခင်း) စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ သဖန်းကိုင်းကျေးရွာမှာနေထိုင်တဲ့ ကျေးရွာခွဲတာဝန်ကို PDF တွေက ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
မင်းလှမြို့နယ်၊ သဖန်းကိုင်းကျေးရွာနေ ကျေးရွာခွဲတာဝန်ခံ ဦးအောင်နေလင်း (၄၄)နှစ်ဟာ စက်တင်ဘာ ၃ ရက်နေ့ မနက် ၅ နာရီ ၃၀ မိနစ်အချိန်ခန့်မှာ PDF အကြမ်းဖက်သမား ၁၀ ဦးခန့်က ဆိုင်ကယ်ငါးစီးနဲ့ လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
PDF အကြမ်းဖက်သမားတွေလာရောက်ပစ်ခတ်တာကြောင့် ကျေးရွာခွဲတာဝန်ခံ ဦးအောင်နေလင်းဟာ နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်စဉ် ကျေးရွာအရှေ့တောင်ဘက် နှစ်ဖာလုံခန့်အကွာက ရေမြောင်းအနီးအရောက်မှာ အကြမ်းဖက်သမားတွေက လိုက်လံပစ်ခတ်တာကြောင့် ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။