အုန်းချော သာမဏေကျော်ကျောင်းတိုက်၌ အပါး ၉၀ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား

(ပြည်တွင်း) သြဂုတ် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိ ပေါက်စိမ်းသာမဏေကျော်ကျောင်း၌ အပါး၉၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဩဂုတ်လ၂၆ရက်နေ့ နံနက်ပိုင်းအချိန်တွင် အုန်းချောကျေးရွာရှိ ပေါက်စိမ်းသာမဏေကျော်ကျောင်း၌ အပါး၉၀ ကျော်သည် အာရုဏ်ဆွမ်းအတွက် လက်ဖက်ထမင်း ၊ ငါးဖယ်သုပ်၊ ငရုတ်သီးကြော်၊ ရိုးရိုးဟင်းရည်တို့ကို ဘုဉ်းပေးခဲ့ပြီး‌နောက် အစာအဆိပ်သင့်သည့်လက္ခဏာများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် လူမှုကူညီရေးအသင်းဖွဲ့များမှ လူနာတင်ယာဥ်များဖြင့် မန္တလေးဆေးရုံကြီးတွင် အပါး၃၀(မစိုးရိမ်ရ)၊ ကျောက်မီးတိုက်နယ်ဆေးရုံတွင် ၄၆ပါး(မစိုးရိမ်ရ)တို့အား ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိကြောင်း စာသင်တိုက်တွင် အပါး၂၀(မစိုးရိမ်ရ)တို့ ဆေးကုသမှုခံယူလျက်ရှိပြီး သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ၏ လမ်းညွှန်မှုဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN