စစ်ကိုင်းမြို့နယ် ငလျင်ဒဏ်သင့် ပြည်သူများကိုငွေကျပ် သန်းတစ်သောင်းကျော် ထောက်ပံ့

(နိုင်ငံတကာ) ဇူလိုင် ၃၀

စစ်ကိုင်းမြို့နယ်ရှိ ငလျင်ဒဏ်သင့်ပြည်သူများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ ငွေကျပ် ၁၀,၈၅၉ ဒသမ ၂၉၇၃ သန်းထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း သိရပါတယ်။

ထောက်ပံ့ရာမှာ နေအိမ် လုံးဝပျက်စီး ၄၄၂ လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး ၁,၃၃၃ လုံး၊ စုစုပေါင်း ၁,၇၇၅ လုံးအတွက် ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

ထိုထောက်ပံ့ငွေပေးအပ်ပွဲကို ငလျင်လှုပ်ခတ်ပြီး ၄ လပြည့်တဲ့ ဇူလိုင်လ ၂၈ ရက်နံနက်က စစ်ကိုင်းမြို့နှစ် ၇၀၀ အားကစားကွင်းတွင် ပြုလုပ်ခဲ့ပါတယ်။

ယင်းအခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ စစ်ကိုင်းခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်တို့က နေအိမ်များထိခိုက်ပျက်စီးမှုအပေါ် ထောက်ပံ့ပေးမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါတယ်။

အဲဒီနောက် စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်နှင့် နန္ဒဝန်ရပ်ကွက်တို့မှ နေအိမ်ထိခိုက်ပျက်စီးခဲ့တဲ့ ပြည်သူများကို ထောက်ပံ့ငွေများ ထုတ်ပေးခဲ့ကြောင်း သိရပါတယ်။

#PAN