“စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၃၀ ထပ်မံထုတ်ရောင်း”

(နိုင်ငံတကာ) ဇူလိုင် ၃၀

စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်မှ ဒေါ်လာသန်း ၃၀ ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။

ဗဟိုဘဏ်မှ ဒေါ်လာထုတ်‌ရောင်းပေးမှု ယခုတစ်ကြိမ်အပါအဝင် ၄ လနီးပါးမှာ အမေရိကန်ဒေါ်လာ ၄၅၇ သန်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားတဲ့ စာရင်းများအရ သိရသည်။

၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်အစဖြစ်သည့် ဧပြီလမှာ အမေရိကန်ဒေါ်လာ ၉၃ သန်း၊ မေလမှာ အမေရိကန်ဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ တို့ကိုထုတ်ရောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ဇွန်လကုန်မှာ ၄ ကြိမ်မြောက်အဖြစ် ထုတ်ရောင်းပေးခဲ့ပြီး စုစုပေါင်းဒေါ်လာ ၁၂၅ သန်း၊ ဇူလိုင်လမှာ ယခုထုတ် ရောင်းပေးမှု အပါအဝင် ၅ ကြိမ်ထုတ်ရောင်းပေးခဲ့ပြီး စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၅၃ သန်းရှိကြောင်း သိရပါတယ်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းက ကမ္ဘာ့ရေနံဈေးအတတ်အကျပေါ်မူတည်လျက်ရှိပါတယ်။

စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့သော်လည်း စက်သုံးဆီဈေးနှုန်းများ သိသိသာသာ ကျဆင်း လာတာကို မတွေ့ရဘဲ ဒီဇယ်ဈေးနှုန်းအနည်းငယ်မြင့်တက်နေပါတယ်။

#PAN