သြဂုတ် ၁ ရက်ကစပြီး OWIC ကတ်ပေါ်မှာ လုံခြုံရေးစတစ်ကာကပ်ရမယ်ဆိုတဲ့သတင်း

(ပြည်တွင်း) ဇူလိုင် ၂၉

အလုပ်သမားဝန်ကြီဌာနက ပြည်ပနိုင်ငံတွေသို့ သွားရောက်အလုပ်လုပ်ကိုင်မယ့် မြန်မာနိုင်ငံသားတွေကို ထုတ်ပေးနေတဲ့ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC)တွေမှာ သြဂုတ်လ ၁ ရက်ကစတင်ကာ လုံခြုံရေးစတစ်ကာတွေ ကပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

(OWIC) ကတ် အတုအပတွေမရှိစေဖို့နဲ့ ပိုမိုလုံခြုံမှုရှိစေဖို့အတွက် လုံခြုံရေးစတစ်ကာကပ်ပြီးမှသာ ထုတ်ပေးဖို့ စီစဉ်ဆောင်ရွက်ခြင်းဖြစ်တယ်လို့အလုပ်သမားဝန်ကြီးဌာနထံက သိရပါတယ်။

OWIC ကတ်ကို အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက နိုင်ငံကူးလက်မှတ်(Passport for Job-PJ) ကိုင်ဆောင်ထားပြီးပြည်ပကိုသွားရောက် အလုပ်လုပ်ကိုင်မယ့် အလုပ်သမားတွေ ပြည်ပနိုင်ငံတွေသို့ ရောက်ရှိချိန်မှာ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေပါ ခံစားခွင့်တွေ ရရှိနိုင်စေရန်ဖို့နဲ့ အလုပ်သမားရေးရာကိစ္စတွေဖြစ်ပေါ်လာချိန်မှာ လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ထုတ်ပေးနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

#PAN