တိုင်ဖွန်း”ဝီဖာ”အရှိန်ကြောင့် တာချီလိတ်မြို့တွင် လေပြင်းတိုက်ခတ်ခဲ့ပြီးသစ်ပင်များလှဲပြိုကာ လျှပ်စစ်မီးများ ပြက်တောက်လျက်ရှိ

(မိုး/ဇလ) ဇူလိုင် ၂၂

တိုင်ဖွန်းမုန်တိုင်း “ဝီဖာ”အရှိန်ကြောင့် တာချီလိတ်မြို့တွင် ယမန်နေ့ည ၇နာရီကျော်အချိန်က လေပြင်းတိုက်ခတ်ခဲ့ပြီးသစ်ပင်များလှဲပြိုကာ လျှပ်စစ်မီးများ ပြက်တောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)နယ်မြေ လွှမ်းမိုးဘုန်းတော်ကြီးကျောင်းရှေ့ လမ်းမတွင် သစ်ပင် ပြိုကျကာ မီးကြိုးများပြက်တောက်သွားပြီး အနီးဘေးရှိ ဆိုင်ကယ်ပြင်ဆိုင်မှ ကိုကျော်မြင့်ဦး၊ အသက်(၂၄)နှစ်၊ ဦးဇင်းမင်းဖြိုး၊ အသက်(၂၇)နှစ် တို့ ၂ဦးမှာ ဓါတ်လိုက်မူဖြစ်ပွားခဲ့ပြီး နီးစပ်ရာ အဆွေမွန်ဆေးခန်းတွင် ‌ပြသလျက်ရှိကြောင်း၊ ဦးကျော်မြင့်ဦးမှာ ဝဲခြေသလုံး မီးလောင်ဒဏ်ရာရရှိပြီး အသက်အန္တရာယ် မစိုးရိမ်ရပါကြောင်း သိရသည်။

ထို့ပြင် မိုးရွာသွန်းမှုကြောင့် ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ပြင်နယ်မြေ၊ ရွှေဟင်္သာလမ်း၊ ဘိုင်တောင်ဟိုတယ်အနီး သစ်ပင်လှဲကျလျက်ရှိကြောင်း လူထိခိုက်မှုမရှိဘဲ ယာဉ်သွားယာဉ်လာ ပိတ်ဆို့လျက်ရှိကြောင်း မီးသတ်/ မီးလင်းရေးရုံးသို့ ​အကြောင်းကြားထားရှိကြောင်း သတင်းရရှိသည်။