TNLA နဲ့ MNDAA က သူတို့ရဲ့ မဟာဗျူဟာအရ အရေးအကြီးဆုံးနေရာတွေ လက်လွှတ်ရမှာကို စိုးရိမ်နေ

(ပြည်တွင်း) ဇူလိုင် ၁၄

တအောင်းလက်နက်ကိုင် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နဲ့ ကိုးကန့်လက်နက်ကိုင် MNDAA ထိန်းချုပ်ထားတဲ့ သိန်းနီမြို့အပြင် အကြမ်းဖက်အဖွဲ့တွေထိန်းချုပ်ထားတဲ့ မဟာဗျူဟာအရ အရေးအကြီးဆုံးနေရာတွေကို လက်လွှတ်ရမှာကို စိုးရိမ်နေတယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။

ရှမ်းမြောက်စစ်ရေး မဟာဗျူဟာအရ အရေးအကြီးဆုံးနေရာဖြစ်တဲ့ နောင်ချိုမြို့ကို တပ်မတော်ကပြန်လည်ထိန်းချုပ်ပြီးတာနက်တစ်ပြိုင်နက် ပြည်ထောင်စုလမ်းမ အထက်ပိုင်းအားလုံးကို နယ်မြေစိုးမိုးရေးတွေ ဆက်တိုက်လုပ်ဆောင်လာနိုင်တာကြောင့် သူတို့ စိုးရိမ်နေကြတာလို့လည်း သတင်းအရင်းအမြစ်ကပြောပါတယ်။

“နောင်ချိုကို TNLA လက်လွတ်လိုက်ရတာနဲ့ ကျောက်မဲ သီပေါတွေကလည်း ခဏထဲနဲ့ ပြန်ရသွားနိုင်တယ်။ ဒါကြောင့် နောင်ချိုက မဟာဗျူဟာအရ​​အရေးကြီးလို့ သူတို့လက်လွှတ်ရမှာစိုးရိမ်ပေမယ့် စစ်ကြောင်းက မြို့ထဲရောက်သွားပြီဆိုတော့ သူတို့စိုးရိမ်စိတ်က သဲထဲရေသွန်ပါပဲ” လို့ စစ်ရေးသုံးသပ်သူတစ်ဦးကပြောပါတယ်။

တပ်မတော်စစ်ကြောင်းတွေဟာ နောင်ချိုမြို့တွင်းကသောင်းကျန်းသူ အကြမ်းဖက်တွေ ခြေကုတ်ယူထားတဲ့ နေရာတွေကိုရှင်းလင်းနေချိန်နှာ TNLA နဲ့ ဓနုလက်နက်ပိုင် DPLA တွေက မြိူ့တွင်းကနေအိမ်တွေနဲ့ ပါတီရုံးတစ်ချို့ကို မီးရှို့ဖျက်ဆီးနေကြတယ်လို့ သိရပါတယ်။

တပ်မတော်စစ်ကြောင်းတွေက နောင်ချိုမြို့အတွင်းကိုရောက်ရှိနေပြီဖြစ်လို့ နောင်ချိုကွင်းလမ်းတွေအားလုံးကို TNLA က လိုက်လံပိတ်ဆို့နေတယ်လို့လည်း ဒေသခံတွေက ပြောဆိုထားပါတယ်။

#PAN