ဧရာဝတီမြစ်ရေကြောင့် ကံမမြို့က အိမ်ထောင်စု(၅၈)စု ရေဘေးသင့်

(ပြည်တွင်း) ဇူလိုင် ၁၄

ဧရာဝတီမြစ်ရေမြင့်တက်လာတာကြောင့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့က အိမ်ထောင်စု(၅၈)စု ရေဘေးသင့်ခဲ့ရတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်း အချိန်အထိ ကံမမြို့ အမှတ်(၂)ရပ်ကွက် ကမ်းနားရပ် ဧရာဝတီမြစ်ကမ်းနံဘေးနဲ့ မြေနိမ့်ပိုင်းတွေက လူနေအိမ်တွေအတွင်းမြစ်ရေဝင်ရောက်ခဲ့လို့ အိမ်ထောင်စု(၅၈)စုက မိသားစုဝင် လူဦးရေ(၂၄၄)ဦးတို့ရေဘေးသင့်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေ ရှာဖွေကယ်ဆယ်ဂေးအဖွဲ့တွေက အဆိုပါမိသားစုတွေကို ဘေးလွတ်ရာနေရာတွေကို ကူညီရွှေ့ပြောင်းပေးခဲ့ကြပြီ ယာယီနေထိုင်မည့်နေရာစီစဉ်ပေးနေတယ်လို့ သိရပါတယ်။

#PAN