EPS စနစ်နဲ့ ကိုရီးယားကိုထွက်ခွာခဲ့သူတွေ ငွေလွှဲအထောက်အထားတွေပေးပို့ရမယ်

(ပြည်တွင်း) ဇူလိုင် ၁၄

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ EPS စနစ်နဲ့ ကိုရီးယားကိုထွက်ခွာခဲ့သူတွေ ငွေလွှဲအထောက်အထားတွေပေးပို့ဖို့ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီကထုတ်ပြန်ထားပါတယ်။

EPS စနစ်နဲ့ကိုရီးယားသမ္မတနိုင်ငံကို ၂ဝ၂၄ ခုနှစ်အတွင်း စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်းထွက်ခွာခဲ့သူတွေအနေနဲ့ မိသားစုလွှဲငွေတင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါကာလအတွင်း ထွက်ခွာခဲ့တဲ့လုပ်သားတွေက မိမိတို့မိသားစုထံလွှဲပို့ခဲ့တဲ့ ငွေလွှဲအထောက်အထားတွေကို VIBER NO. 959401993746 ကို ၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လအတွင်းပေးပို့ကြရမှာဖြစ်ပါတယ်။

အခုလိုတင်ပြရာမှာ ငွေလွှဲပို့တဲ့ အထောက်အထား SCREEN SHOT၊ ပေးပို့သူရဲ့ နိုင်ငံကူးလက်မှတ်အမှတ်၊ မြန်မာနိုင်ငံက စတင်ထွက်ခွာရက်ပါ ဖော်ပြရမည်ဖြစ်တယ်လို့ သိရပါတယ်။

အေဂျင်စီတွေအနေနဲ့ အလုပ်သမားတွေရဲ့ မိသားစုလွှဲပို့ငွေ အထောက်အထားတင်ပြရာမှာ အနည်းဆုံး ၄၁ ရာခိုင်နှုန်းသာ တင်ပြဖို့ သက်ဆိုင်ရာက ဖြေလျှော့ပေးထားပြီး အလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လကစတင်ပြီး နိုင်ငံအလိုက် မိသားစုလွှဲပို့ငွေစာရင်း တင်ပြနိုင်ခြင်းမရှိတဲ့ အေဂျင်စီတွေကို အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်တွေ ယာယီဆိုင်းငံ့သွားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလက အသိပေးထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

#PAN