(မိုးဇလ) ဇွန် ၃၀
ချင်းတွင်းမြစ်ရေဟာဟုမ္မလင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၂,၉၀၀ စင်တီမီတာကို ကျော်လွန်ကာ ၂,၉၀၄ စင်တီမီတာကို မြင့်တက်နေပြီ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

ချင်းတွင်းမြစ်ရေဟာ ဖောင်းပြင်မြို့မှာ စိုးရိမ်ရေမှတ်အထက် တစ်ပေခန့်ကို ရောက်ရှိနေပြီး နောက် ၃၆ နာရီအတွင်း ကျဆင်းနိုင်သလို၊ မင်းကင်းမြို့မှာလည်း စိုးရေမှတ်အောက် တစ်ပေခန့်ကိုရောက်ရှိနေကာ နောက်၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
စစ်တောင်းမြစ်ရေ၊ သံလွင်မြစ်ရေနဲ့ ပဲခူးမြစ်ရေတွေဟာလည်း စိုးရိမ်ရေမှတ်အောက် နှစ်ပေခန့်ကို ရောက်ရှိနေပြီး၊ နောက်၂၄ နာရီအတွင်းစိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါတယ်။
ဒါကြောင့် မြစ်တွေအနီးနေထိုင်ကြသူတွေ သတိပြုနေထိုင်ကြရန်ဖို့နဲ့ မြစ်ရေမြင့်တက်လာပါက ကြိုတင် ရှောင်ရှားကြပါဖို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးနှိုးဆော်ထားပါတယ်။
#PAN